တနေ့သော ညနေခင်းတွင် ချစ်သူနှစ်ယောက်ဆုံတွေ့အခိုက် ....
မိန်းကလေးဖြစ်သူက ပြောလေသည်
ကိုရယ် ဘာလို့ အရက်သောက်ရတာလဲ .... စိတ်ညစ်စရာတွေရှိရင် ပြော ပြပေါ့ ...
ချစ်သူတွေဆိုတာ အပေးအယူ မျှရတယ် အပြန်အလှန်နားလည်ရတယ်လေ ..
မပြောဘဲကြိတ်နေရင် ကိုပဲ ခံစားရမှာပေါ့ ......နောက်မသောက်ပါနဲ့နော် ...
ထိုအခါ
ကောင်လေးက
ချစ်သူရယ် ကိုအရက်ကိုသောက်ချင်လို့သောက်ရတာ မဟုတ်ပါဘူးကွာ .......
ကိုတို့မှ မသောက်ရင် ဒီအရက်တွေ ကုန်မှာမဟုတ်ဘူးလေ ....
နောက်အနာဂါတ် လူငယ်တွေ သောက်မိမှာပေါ့ ... သူတို့မသောက်ဖြစ်အောင် ကိုတို့တွေ အရင်သောက်ပေးနေတာပါ ...
မင်းလည်းကို့ကို နားလည်ပေးပါနော် .....အနာဂတ်လူငယ်တွေအတွက်ပါ
" အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ "
" ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း မေ့မနေနဲ့ဦးနော် "
" စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ "
ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ
အများသုံးအိမ်သာအတွင်းမှ မကျေနပ်သံတခု ထွက်ပေါ်လာ၏။
" တောက်......အများသုံးအိမ်သာဆိုပ
ီး တော့ ရေလဲ မရှိဖူး။ .....ဒုက္ခပဲ စက္ကူ ကလဲပါမလာဖူး။ " ဟူ၍ ဖြစ်၏။
ထိုသူ၏ စိတ်ထဲတွင်လည်း......
ရှိတဲ့ ပိုက်ဆံ တွေက လည်း အရွက်ကြီးတွေချည်းပဲ။
ဘယ်နဲ့ လုပ်ရပါ့။ထို့နောက် ...ဖြတ်ကနဲ ..အကြံတခုပေါ်လာ၏။သို့နှင့်
" ဟိုဘက်ခန်းက အစ်ကိုကြီး...ခင်ဗျားမှာ စက္ကူ အပိုမပါဖူးလား။ပါရင် အပေါ်ကလှမ်းပေးပါဗျာ။..." ဟုကပ်လျက်အိမ်သာခန်းသို့ဆိုလေ၏။
တဘက်မှ ပြန်ပြောလိုက်တာက....." .ရှင်အိမ်သာမှားနေပီ....ဒါမိန်းမအိမ်သာမဟုတ်ဖူးလား....."
" ဗျာ .....မိန်းမအိမ်သာ။ ဟုတ်လား။သူတို့ က စာရေးမထားဖူး ။ ပုံပဲ ဆွဲထားတာ။ ခင်ဗျားမှားတာလား။ ကျနော်မှားတာလား။"
တဘက်မှ ....အံသြသံဖြင့်....
" ရှင်.....ယောက်ကျားအိမ်သာလား။ ကျမ ပုံကိုကြည့်တော့ ဂါဝန်ပုံ ထင်တာပဲ ရှင့် "ဟု ဆို၏။
" ကျနော်လဲသေချာကြည့်တာပဲဗျ။ အဲ...ဘောင်းဘီပုံ ဆိုပီး ၀င်လာတာပဲ။
..ကဲပါဗျာ.....ဘာပဲဖြစ်ဖြစ်ဗျာ။ ရောက်နေမှတော့ မထူးတော့ပါဖူး။
ဒါနဲ့ စက္ကူ အပိုပါရင် အပေါ်ကလှမ်းပါဦးဗျာ။ "
ထိုအခါ တဘက်ခန်းအိမ်သာမှ ပြန်ပြောလိုက်တာက....
" စက္ကူတော့ မပါဖူးရှင့် ။ဘောပင်တော့ပါတယ်။ ယူမလား ".......တဲ့
ရထားတစ်စီးပေါ်တွင် ခရီးသည်တယောက်သည် လက်မှတ်စစ်မှ လာစစ်ရာ.....
သူ့လက်မှတ်ကိုဘောင်းဘီအိပ် ထဲရှာလိုက်.....အင်းကျီအိပ်ထဲရှာလိုက်.....ပိုက်ဆံအိတ် ထဲ ရှာလိုက်နှင့် ပျာယာခပ်လျက်ရှိသည်။
အမှန်မှာ ထိုလူသည် လက်မှတ်အား ပါးစပ်တွင်ကိုက်ကာ လိုက်ရှာနေသဖြင့် ကျန်ခရီးသည်များက သူ့ကိုကြည့်ပီး ရီ စရာဖြစ်နေကြ၏။
ထိုအခါ လက်မှတ်စစ်သည်ပြုံးလျက် သူ့ ပါးစပ်ထဲမှ လက်မှတ်ကို ဆွဲယူကာ ရေးမှတ်ပီး ပြန်ပေးလိုက်၏။
လက်မှတ်စစ်ထွက်သွားသောအခါ သူနှင့်အတူပါလာသော သူငယ်ချင်းက ထိုသို့ပြောလိုက်သည်။
" မင်းကွာ။တကယ်ကြောင်တဲ့ကောင်ပဲ။ လက်မှတ်ကို ပါးစပ်ထဲကိုက်ပီး လိုက်ရှာနေရတယ်လို့......"
ထိုအခါ ထိုသူ ပြန်ပြောလိုက်သည်မှာ........
" ဘာကွ။ ကြောင်တာမဟုတ်ဖူး။ငါက လက်မှတ်ပေါ်က ရက်စွဲ ကို ကြိတ်ပီး ၀ါးနေတာ......"....တဲ့
 လူတစ်ယောက်သည် ကလေးငယ်တစ်ယောက်နဲ့အတူ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်သို့ ရောက်လာပြီးဆံပင်ညှပ်လေသည်။
ပထမဆုံး ထိုလူမှဆံပင်အညှပ်ခံလေ၏။ ဆံပင်ညှပ်ပီးသွားသောအခါ....... ဆံသဆရာအား ထိုသူမှ ပြောလိုက်သည်။
" ဒီကလေးကိုဆံပင်ညှပ်ပေးလိုက်ပါ။ ကျနော် ဟိုဘက်ခန်းက ဆိုင်မှာ တခုခု သွားသောက်လိုက်ဦးမယ် "
သို့နှင့် ဆံသဆရာလည်း ကလေးကိုဆံပင်ညှပ်ပေးလေ၏။
ထို့နောက် ဆံသ ဆရာသည် ထိုသူပြန်အလာကို စောင့်နေသည်။
ကြာလာသဖြင့် ကလေးငယ်ကို ဆံသ ဆရာမှမေးလိုက်၏။
" ဟေ့ .. မင်းအဖေက ဘယ်တွေလျှောက်သွားနေတာလဲကွ။ ကြာလိုက်တာ.."
ထိုအခါ ကလေးကပြန်ပြောလိုက်သည်မှာ.....
" ဟာ....သူက ကျနော့်အဖေ မဟုတ်ဖူး ...လမ်းမှာတွေ့တော့ သူက မင်းဆံပင် အလကားညှပ်ရမယ် လိုက်ခဲ့ ဆိုလို့ပါ...".ဟူ၍ ဖြစ်သည်
တောသားကြီးတစ်ယောက်သည် ကြက်ဖငယ်တကောင်ကိုဝယ်လာကာကြက်ခြံတွင်းသို့ထည့်လိုက်သည်။
မူလရှိနှင့်ပီးသား ကြက်ဖအို က ၄င်း အား ဤသို့ စိန်ခေါ်၏။
" ဒီကြက်ခြံကို မင်းနဲ့ ငါ ၃ ပတ်အပြေးပြိုင်ပြေးမယ် အရင်ရောက်တဲ့သူ က ခြံထဲက ကြက်မတွေ အကုန် ယူကြေး.." ....လို့ဆို၏။
ကြက်ဖပျိုအသစ်ကလည်း....
" စိန်လိုက် " ဟုပြောလေ၏။
သို့ဖြင့် ကြက်ဖအို နှင့်ကြက်ဖပျိုတို့ပြိုင်ပြေးကြ၏။ကြက်ဖပျိုကား လျင်မြန်စွာဖြင့် တစ်ပတ်ပြည့်သွား၏။
ထို့နောက် တစ်ပတ်အသာဖြင့် ကြက်ဖအိုနောက်မှလိုက်ကာ ကြက်ဖပျိုမှ ပြေးနေ၏။
ကြက်ဖအိုကား တစ်ပတ်ပင်မပြည့်သေးပေ။
ဤ သည်ကိုမြင်သော ကြက်ခြံပိုင်ရှင်က လေးခွကိုယူကာ ကြက်ပျိုကို ပစ်ချလိုက်၏။
နုတ်မှလည်း မကျေမချမ်းပြောလိုက်သည်မှာ.....
" ကြက်ဖ၀ယ်တာ ၆ ကောင်ရှိပီ ၊အားလုံး လိင် တူကိုမှ ကြိုက်တဲ့ အကောင်တွေချည်းပဲ...." ...တဲ့
" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား
" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကိုပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးငါ့ရဲ့ "
အော်...ဆင်ကလည်း နေစရာရှားလို့ အသိုက်လုပ်နေရတယ်လို့
လူတစ်ယောက်ထောင်ထဲရောက်လာသည်။ ရောက်နှင့်နေသူများက....ဝိုင်းမေးကြသည်။
"ဘာအမှုလဲကွ"
"ငါးခိုးဖမ်းတဲ့အမှုပါ"
"ဘယ်နှနှစ်တုန်းကွ"
"၁၅ နှစ်ပါခင်ဗျာ"
"ဘာ.........ငါးခိုးဖမ်းယုံနဲ့ ဒီလောက်နှစ်ရှည်ချတာ.........မတရားဘူးကွ"
"ဒီလိုလေ.........ကျုပ်က ဒိုင်းနမိုက်ပစ်ခွဲလိုက်တာ.........
ငါးကြင်း ၂ ကောင်နဲ့ ရေငုတ်သမား ၆ ယောက်ပါ ဘောလောပေါ်လာတယ်
စတိုးဆိုင်ထဲသို့ လူတစ်ယောက်ဝင်လာပြီး........
လူငယ်။ ။ ပိုက်ဆံအမ်းတာမှားနေလို့....လာပြန်ပြောတာပါ....
ငွေသိမ်းစားရေးကမျက်နှာထားမာမာဖြင့် "ကောင်တာမှမထွက်ခွာမှီစစ်ဆေးယူပါ။ ကောင်တာမှထွက်ခွာပြီးနောက်မှားယွင်းမှု့ ကိုတာဝန်မယူ"
အင်းလေး...ဒါဆိုလဲပြီးတာပဲ....ဒေါ်လာ ၁၀၀ တန်မှားအမ်းလိုက်လို့ လာပြန်ပြောတာ.....တာဝန်ကျေပီလေ
ငွေသိမ်းစာရေး။ ။
ရှေ့နေ။ ။ မင်းရဲ့အမှုလိုက်ခတွက်...ငွေရောရှိလို့လား
အမှုသည်။ ။ အမှုလိုက်ခငွေတော့မရှိဘူးဗျာ.....ကားတော့ရှိတယ်...အဲ့ကားကိုပေးလို့ရမလား
ရှေ့နေ။ ။ အင်းလေ...ဒါဆိုလဲ...ကားပဲလက်ခံရတော့မှာပေါ့....ဒါနဲ့.....ဘာအမှုလဲဗျ
အမှုသည်။ ။ ကားခိုးမှု့ပါ
အို.. အပျင်းထူချက်က လှေခါး ၅ ဆင့်စာတောင် မရှိဘူး
ဆရာမ။ ။ ကဲ တစ်ထပ်တည်းကျတဲ့ တိုက်ဆိုင်မှု တစ်ခုခုကို နမူနာ ပြောပြ
စမ်းပါဦးကွယ်..
ကျောင်းသား။ ။ ကျွန်တော့်အဖေနဲ့ အမေဟာတစ်ချိန်တည်း တစ်နေရာတည်းမှာ
မင်္ဂလာဆောင်ခဲ့ပါတယ် ချာမ
Girl : ဒီ တသက် တို့ကိုပဲချစ်မှာလား။
Boy : ဒါပေါ့။ (တစ်ယောက်ဘယ်ကမလဲ)
Girl : တို့မရှိရင် ကို ဘယ်လိုလုပ်မလဲ။
Boy : ငိုမှာပေါ့။ (ပျော်လွန်းလို့)
Girl : တို့ကကိုရဲ့ ရည်းစားဦးလား။
Boy : အေ။ (ဟုတ်နေဦးမယ်)
Girl : ကိုလိမ်ပြောနေတာလား။
Boy : ကျိမ်ဆိုကျိမ်ပါ့မယ်။ (ဒါလိမ်ပြောနေတာပါလို့)
Girl : အိုသွားရင်ကော ချစ်မှာလား။
Boy : နင်မအိုပါဘူး။(ဘယ်တုန်းက ငယ်လို့လဲ)
Girl : ပပ၀တီလိုလှတယ်မလား။
Boy : အေ။(ဝေးသေး)
Girl : ပင်လယ်ပြင်မှာ ရေတစ်ခွက်ပဲရှိရင် တို့ကိုတိုက်မှာလား။ ကိုရဲ့အမေကိုတိုက်မှာလား။
Boy : ကိုအမေကိုမတိုက်ပါဘူး။(နင့်ကိုလည်းမတိုက်ဘူး၊ကိုယ့်ဘာသာကိုသောက်မှာ)
Girl : ၀လာလား။
Boy : မ၀ပါဘူး။slim လေးပါ။(အရိုးချည်းပဲ)
Girl : အခု တခြားကောင်လေးက တို့ကိုအရူးအမူးလိုက်နေရင်ကော။
Boy : ဟင် ဘယ်သူလဲ။ (ကျေးဇူးတင်ကြောင်း ထမင်းပါခေါ်ကျွေးလိုက်မယ်။နင့်ကိုလှလှပပပြင်ပြီး
လိုက်ပါပို့ပေးအုန်းမှာ)
(ပေါ့သေးသေးမဟုတ်ဘူးနော်ရေပေါ်မှာသင်ရတာ:D)
                                               ဟဲ့ကောင်ဘယ်သေနတ်ကိုလာဆွဲနေတာလဲ
ယိုးဒယား ရေပိုင်နက်အတွင်းသို့ အမည်မသိ ရေငုတ်သဘောင်္ တစ်စင်း ကျူးကျော်ဝင်ရောက်နေကြောင်းရေဒါ တွင် ပေါ်လာ၏။
...
သို့နှင့် ကပ္ပတိန်လည်း တာဝန်ကျ ရေတပ်သားတစ်ဦးကို ရေငုပ်ပီး စုံစမ်းခိုင်းလိုက်၏။
ရေငုပ်သည့်တပ်သား။ ။ ကပ္ပတိန်......တရုတ်သဘောင်္ခင်ဗျ။
ကပ္ပတိန်။ ။မင်းဘာလို့ ဒီလိုပြောနိုင်ရတာလဲ ကွ။
ရေငုပ်သည့်တပ်သား။ ။ သေဘောင်္မှာ တရုတ်စာတွေ ရေးထားတာ တွေ့တယ် ဆရာ။
ကပ္ပတိန်။ ။ဟာ....မင်း အတော်ညံ့ပါလားကွာ။ အခု သဘောင်္တိုင်းနီးပါးမှာ တရုတ်စာတွေ ရေးထားတတ်တယ်။ဆက်ငုတ်။
ရေငုပ်သည့်တပ်သား။ ။အဂၤလိပ္သေဘာၤခင္ဗ်။
ကပ္ပတိန်။ ။ဘာဖြစ်လို့လဲ။
ရေငုပ်သည့်တပ်သား။ ။ ကျနော် ချောင်းနားထောင်တော့.....အင်္ဂလိပ်လို စကားပြောသံတွေကြားရလို့ပါ။
ကပ္ပတိန်။ ။ဟေ့ကောင်။မင်းတော်တော်တုန်းတာပဲ။ အင်္ဂလိပ်စကားက နိုင်ငံတကာစကားကွ။ဆက်ငုတ်။
ခဏမျှကြာသောအခါ ရေငုတ်သည့်တပ်သား ရေပြင်ပေါ်သို့ ပေါ်လာ၏။
ရေငုပ်သည့်တပ်သား။ ။တရုတ်သဘောင်္လည်းမဟုတ်ဖူး။အင်္ဂလိပ်သဘောင်္လည်းမဟုတ်ဖူး။သိပြီ ကပ္ပတိန်ရေ...။မြန်မာသဘောင်္ခင်ဗျ။
ကပ္ပတိန်။ ။ဟေ..........။သေချာရဲ့လား။မင်း ဘယ်လိုသိလဲ။
ရေငုပ်သည့်တပ်သား။ ။သေချာပါတယ်ခင်ဗျ။ ကျနော်သေချာ အနားကပ်ကြည့်တော့...ဆီတွေခိုးထုတ်နေတာ တွေ့ရတယ်ဗျ။
တိန်
ရီမောပျော်ရွှင်စေရန်သာ.....
လူအတော်အသင့်ရှိတဲ့ အရက်ဘားတစ်ခုထဲကို မိန်းကလေးတစ်ယောက်ဝင်လာတယ်။ ဘီယာတစ်ခွက်မှာပြီး တစ်ယောက်ထဲထိုင်သောက်နေတယ်။ ခဏနေတော့ ကောင်လေးတစ်ယောက်လာပြီး မိတ်ဆက်ပါလေရော။ "နေကောင်းလား.. မင်းနာမည်ဘယ်လိုခေါ်လဲ"
... ဒါနဲ့ကောင်မလေးလဲ ကောင်လေးရဲ့အမေးကို ချက်ချင်းဖြေပေးလိုက်တယ်
"ရှင် ကျမကို ဘယ်လိုအတန်းအစားထဲက ထင်လို့လဲ... ဘာကိစ္စ ရှင်နဲ့ဟိုတယ်လိုက်အိပ်ရမှာလဲ"
ဆိုပြီး တော်ရုံကျယ်တဲ့အသံနဲ့ အော်ပြောလိုက်လေရဲ့။ ဘားတစ်ခုလုံးရဲ့အကြည့်တွေဟာ ရဲနေတဲ့မျက်နာနဲ့ ကောင်လေးဆီမှာပေါ့။ ဘာမှမပြောသာတဲ့ကောင်လေးလဲ ကိုယ့်နေရာကိုယ်ပြန်ပြီး ထိုင်နေလေရဲ့။ ခဏလဲနေရော ခုနှကကောင်မလေးဟာ ကောင်လေးဆီကို ပြန်လာပြီး ဒီလိုပြောပြတယ်။
"ဒီမယ်.. ရှင်စိတ်ဆိုးသွားလား.. တကယ်တော့ ကျမက စိတ်ပညာနောက်ဆုံးနှစ်ကျောင်းသူပါ.. ယောင်္ကျားလေး တွေရဲ့ ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့စိတ်နဲ့ အမူအယာတွေကို လေ့လာချင်လို့ ဒီလိုလုပ်လိုက်တာပါ"
ဆိုတဲ့စကား ဆုံးဆုံချင်းပဲ ကောင်လေးပြန်ပြောလိုက်ပုံက ....
"ဘာ!!!! ဒေါ်လာ ၅၀၀.. ဟုတ်လား??"
နင်အဲလောက်ဈေးကြီးမှန်း ငါဘာကြောင့်မခန့်မှန်းမိတာပါလိမ့်"
လို့အော်ပြီးပြောလိုက်လေရဲ့
ဆေး တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတို့၏ လူတွေ့ စစ်ဆေး စာမေးပွဲကို ပြုလုပ်နေသည်။ ပါမောက္ခက ကျောင်းသားတစ်ယောက်ကိုမေးသည်။
“ဒီဆေးကို ဘယ်လို အချိုးအစားနဲ့ လူနာကို သောက်ခိုင်းမလဲ”
“ဟင်းခပ်ဇွန်း တစ်ဇွန်းစာ သောက်ပါလို့ ပြောပါမယ် ”
“ကောင်းပြီ ၊ မောင်ရင် သွားနိုင်ပါပြီ ”
အခန်းပြင်သို့ ကျောင်းသား ထွက်လာသည်၊ လှေခါး အဆင်းတွင် မိမိ မှားသွားပြီကို ရုတ်ချည်းသတိရသည်၊ သို့နှင့် စာမေးပွဲ အခန်းထဲ ပြန်ဝင်ကာ ပါမောက္ခကို ပြောသည်။
“ ဆရာ ကျွန်တော် မှားသွားပါတယ် ၊ ဇွန်းတစ်ဇွန်း မဟုတ်ပါဘူး၊ ငါးစက်ပဲ သောက်ရမှာပါ ”
“ ၀မ်းနည်းပါတယ် တပည့် ၊ တပည့်ရဲ့ လူနာ သေသွားပြီကွယ့် ”
“ကလေးမရယ် အသံလည်းမကောင်းဘဲနဲ့ ဘာလို့ သီချင်းအော်ဆိုရတာလဲကွဲ့”
“သမီးက မဆိုချင်ပါဘူး။ ဒါပေမယ့် မေမေက ဧည့်သည်တွေ နှင်ချင်တဲ့အခါမှာ အခုလို
အော်ဆိုခိုင်းလို့ပါ”
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
 လက်ထဲတွင်လည်း  သင်္ကြန်ရေပြွတ်သေနတ်တစ်ခုကို ကိုင်ထားသည်။
                  "ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."
                  "မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."
                 "မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."
                  "မဆင်းဘူးဆရာ...မဆင်းဘူး"
                               ဆရာဝန်လဲ ကြံရာမရ  ဖြစ်နေတယ်။အဲ့ဒီ အချိန်မှာ  နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
 အဲ့ဒီလူနာဆီကနေ အကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
        "ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."
          "ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."
                         ပထမလူနာလဲ  သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
              "မင်းက ငါပြောတုန်းကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာ
လဲ.."
  1. အိမ်က ငါ့ယောက်ကျားလေ.. ဒုတ်ကြီးရှည်ပြီး အလကားပါဟယ်.. တစ်ညနေလုံး တစ်ချက်မှကို မဝင်ဘူး... အဲ့ဒီမဝင်တဲ့ဒုတ်ကျတော့ အပြစ်မပြောဘူး..ငါ့ဘက်လှည့်မဲတယ်.. ငါအငြိမ်မနေလို့တဲ့... ငါလဲ တတ်နိုင်သလောက်တော့ ငြိမ်နေပေးပါတယ်ဟယ်.... ကြာတော့လဲ ညောင်းတယ်ဟ. မခံနိုင်လွန်းလို့ ဟိုလှုပ်ဒီလှုပ်လုပ်တော့လဲ လှုပ်ပြန်ပြီ... စကားလေးပြောမိတော့လဲ.. မင်းစကားပြောရင်ကို အာရုံပျောက်ပျောက်သွားတယ်တဲ့.. သူ့အဖြစ်မရှိတာကျမပြောဘူး.. တကယ် စိတ်တိုတယ်... တော်ပြီ .. ငါဆုံးဖြတ်လိုက်ပြီ.. နောက်ကို သူဂေါက်ကွင်းသွားရင် ဘယ်တော့မှ မလိုက်တော့ဘူး........
  2. "ကောင်မ..... ဂေါက်ကွင်းကို အရင်ပြောပါလား"
  3. (အေးလေ.. ငါလဲ ခေါင်းစဉ်ကို နောက်မှာထားမိသကိုး..)
…ဆရာမက ဒဿမကိန်းတွေရဲ့အကြောင်း သင်နေတယ်။ သူက ကျောက်သင်ပုန်းပေါ်မှာ ၁၀.၉ လို့ ချရေးပြပြီးမှ ဒဿမ(.)ကို ဖျက်ပစ်လိုက်တယ်။
“ကဲ ဂျော်နီ၊ အခု ဒဿမ ဘယ်ရောက်သွားပြီလဲ”
…ဂျော်နီက မဆိုင်းမတွဘဲ ချက်ချင်းထဖြေတယ်။
“ဘောဖျက်မှာပါသွားပြီ ချာမ”
‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’
‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’
လူငယ်တစ်ယောက် မိမိအပ်ထားသော ဖိနပ်ကို လာရွေးသည်။
ဖိနပ်ပြင်သမားကပြောသည်။
“ပြင်ခ ၂၀၀ ကျပါတယ်”
“နည်းလှချည်လား၊ ကျွန်တော်လာအပ်တုန်းက လေးရာကျမယ်ဆို”
“ခင်ဗျား ဖိနပ်တစ်ဖက် ပျောက်သွားလို့ပါ”
“ခင်ဗျားတို့ဂျာနယ်ထဲ ကြော်ငြာထည့်လိုက်တာ အတော်ထိရောက်တာပဲ”
“ဘာလဲ ရောင်းအားမြင့်တက်လာလို့လား”
“ဟင့်အင်း၊ ဂိုဒေါင်စောင့်တစ်ဦး အလိုရှိသည် လို့ ကြော်ငြာလိုက်တာ အဲ့ဒီညမှာပဲ ဂိုဒေါင် အဖောက်ခံလိုက်ရတယ်”
မင်းမှာ လုပ်ငန်းအတွေ့အကြုံ ဘာတွေရှိလဲ”
“ကျွန်တော်က အခုမှကျောင်းပြီးခဲ့တာပါ”
“ဘယ်လိုအလုပ်မျိုးကို လုပ်ချင်တာလဲကွ”
“လုပ်ပိုင်ခွင့်ရှိတဲ့ ဒု-ဥက္ကဋ္ဌလို ရာထူးမျိုးပေါ့ ခင်ဗျာ”
“ငါတို့ကုမ္ပဏီတွေမှာ ဒု-ဥက္ကဋ္ဌတွေ ဆယ့်နှစ်ယောက်တောင်ရှိတယ်”
“ရပါတယ်။ ကျွန်တော်က ဆယ့်သုံးယောက်မြောက်ဆိုလည်း အယူမသီးပါဘူး
ဒါရိုက်တာ …    “မင်းသား…ဒီအခန်းက ဟောဒီ ချောက်ကမ်းပါးကနေ
                        ခုန်ချရမယ့် အခန်းပဲ”
မင်းသား …    “စဉ်းစဉ်းစားစား လုပ်ပါဦး…ဒါရိုက်တာကြီးရယ်…
                      မတော်တဆ ကျိုးပဲ့ပြီး ကျုပ်သေသွားရင်
                     ဘယ်လိုလုပ်မလဲ”
ဒါရိုက်တာ …    “ပြဿနာမရှိဘူး မင်းသား… ခုန်သာချလိုက်၊
                        ဒီအခန်းက နောက်ဆုံးခန်းပဲ”
“ဟေ့ကောင်…မနေ့ညက မင်းရဲ့အဖေကားကို ငါတို့ ယူမောင်းတာနဲ့
ပတ်သက်ပြီး သူက ငါတို့အားလုံးကို ဘာကြောင့် ဒေါကန်နေရတာလဲကွ”
“ဒေါကန်တာ နည်းတောင်နည်းသေးတယ်၊ ငါတို့ မနေ့က
ကားနဲ့ ပွတ်ဆွဲမိသွားတဲ့ အဘိုးကြီးဟာ ငါ့အဖေပဲကွ”
ချစ်စကြင်စ
၆ရက်အကြာ..... ငါ နင့်ကိုချစ်တယ်၊ ငါ နင့်ကိုချစ်တယ်။
၆လအကြာ....... အင်း ဟုတ်တယ်.. ချစ်ပါတယ်။
၆နှစ်အကြာ...... အော်.. နင့်ကို မချစ်ရင် ငါလက်ထပ်ခွင့်တောင်းပါ့မလား?
လက်ထပ်ပြီးစ
အလုပ်အပြန်
၆ရက်အကြာ..... အချစ်လေးရေ.. မောင်ပြန်လာပြီ
၆လအကြာ...... ပြန်လာပြီဟေ့
၆နှစ်အကြာ...... ငါပြန်လာပြီကွ.. ထမင်းကျက်ပြီလား?
ဧည့်ခန်းတွင်
၆ရက်အကြာ...... ချစ်မိန်းမရေ.. ချစ်မိန်းမနဲ့ ပြောချင်လို့တဲ့
၆လအကြာ........ ရော့ မင်းဖုန်း!
၆နှစ်အကြာ........ ရော်.. ဖုန်းကိုင်လိုက်လေ
မီးဖိုထဲတွင်
၆ရက်အကြာ...... ဝါး.. အစားအစာတွေ ဒီလောက်အရသာရှိမှန်း ခုမှပဲသိတော့တယ်
၆လအကြာ........ ဒီည ဘာစားမလဲ?
၆နှစ်အကြာ...... လာပြန်ပြီ.. ဒီဟင်း!
ရှော့ပင်းပြန်ချိန်
၆ရက်အကြာ..... ဟာ... ဒီအင်္ကျီဆို ချစ်လေးက နတ်သမီးလေးအတိုင်းပဲ
၆လအကြာ...... ရှော့ပင်းထွက်ပြန်ပြီလား?
၆နှစ်အကြာ.....သေနာမ ပိုက်ဆံတွေ ဘယ်လောက်ဖြုန်းခဲ့ပြန်ပြီလဲ?
တီဗွီရှေ့တွင်
၆ရက်အကြာ...... ချစ်လေး.. ဒီညမောင်တို့ ဘာအစီအစဉ်ကြည့်မလဲ?
၆လအကြာ........ ဒီကားကြည့်မယ်.. ဒီကားကြိုက်တယ်။
၆နှစ်အကြာ....... ဒီကားကြည့်မယ်။ မင်း မကြည့်ချင်ရင် သွားအိပ်တော့..
ကိုယ့်ဘာသာ ကိုယ်ကြည့်မယ်။
ထာင်မှူးသည် အကျဉ်းသားကို တောင်းပန်နေ၏။
“ငါ မင်းကို တောင်းပန်ပါတယ်ကွာ၊ မင်းကို လွှတ်ရမယ့်ရက်ထက်
တစ်လပိုပြီး ချုပ်ထားမိသလို ဖြစ်သွားတယ်”
…အကျဉ်းသားကလည်း ပြုံးရွှင်စွာဖြင့်…
“ရပါတယ် ထောင်မှူးကြီးရယ်၊  ကျွန်တော် နောက်တစ်ခါ
ထောင်ထဲ ရောက်လာရင် တစ်လပြန်နှုတ်လိုက်ပေါ့” ဟု ဆို၏
လူတစ်ယောက်သည် မျက်စိ အထူးကုဆေးခန်းသို့ သွားကာ
သူ့မျက်စိကို အစစ်ဆေးခံ၏။ မျက်စိဆရာဝန်က ထိုလူကို ထိုင်ခိုင်းပြီး
မျက်စိမြင်နိုင်အားကို စမ်းသပ်သည့် ကဒ်ပြားလေးကို ထောင်ပြ၏။
“ဒီကဒ်ပြားပေါ်က စာတွေကို ဖတ်လို့ရလား” ဟု ဆရာဝန်က မေးသည်။
“မရဘူး ဆရာ” ဟု ထိုလူက ဖြေ၏။
ဆရာဝန်က ရှေ့ကိုတိုးပြီး…
“ အခုဖတ်လို့ ရပြီလား” ဟု ဆို၏။
“မရဘူး ဆရာ”
ဆရာဝန်က ကဒ်ပြားကို ထိုလူနှင့် အနီးဆုံးနေရာသို့ ယူလာပြီး…
“ဒီလောက် နီးနေရင်တော့ ဒီစာတွေကို ခင်ဗျားကောင်းကောင်း ဖတ်လို့ရမှာ သေချာတယ်” ဟုဆို၏။
ထိုလူက… “မရဘူး ဆရာ၊ ကျွန်တော်က စာမှ မတတ်တာ” ဟု ဆိုလေ၏။
“အသုံးမကျလိုက်တဲ့ သမီး၊  ညဉ်းဟိုကောင်လေးကို လက်မထပ်ရဘူး၊
သူ့ဝင်ငွေက တစ်လ ဒေါ်လာ တစ်ရာ လောက်ပဲရတာ၊
နင်တို့ ဘယ်လို စားကြသောက်ကြမှာလဲ”
“အို…ဒါပေမယ့် ဖေဖေရယ်…တစ်ယောက်နဲ့တစ်ယောက်
ချစ်မိကြတဲ့အခါ တစ်လဆိုတဲ့ အချိန်လေးဟာ ခဏနဲ့ ကုန်သွားတာပါပဲ”
တစ်ခါက အိမ်တစ်အိမ်တွင် အိမ်ဖော်အသစ်ခေါ်သဖြင့် သူတို့ အိမ်၏ စည်းကမ်းများ အကျင့်များကိုပြောပြနေ၏
အိမ်ရှင်။ ။ ငါတို့ အိမ်က လူတွေက စောစောထတတ်တယ် ပြီးရင် မနက်စာကို ထမင်းကြော်စားလေ့ရှိတယ်
ဒါကြောင့် မနက်ကို စောစောထနိုင်အောင် ကြိုးစားပါ ..
အိမ်ဖော် ။ ။ ဟုတ်ကဲ့ပါ ဒါနဲ့ တကယ်လို့ ကျွန်မ မနိုးရင်လည်း ကျွန်မကို စောင့်မနေပါနဲ့ စားနှင့်လိုက်ပါ နော်
အားမနာပါနဲ့ ..
အဲ့ဒါတွေခက်တာ..အရေးကြီးပါတယ်ဆို ..:D
Subscribe to RSS Feed Follow me on Twitter!