စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောက်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခုကို ကိုင်ထားသည်။
"ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."
...
8:07 AM
အိမ်က ငါ့ယောက်ကျားလေ.. ဒုတ်ကြီးရှည်ပြီး အလကားပါဟယ်.. တစ်ညနေလုံး
တစ်ချက်မှကို မဝင်ဘူး... အဲ့ဒီမဝင်တဲ့ဒုတ်ကျတော့
အပြစ်မပြောဘူး..ငါ့ဘက်လှည့်မဲတယ်..
ငါအငြိမ်မနေလို့တဲ့... ငါလဲ တတ်နိုင်သလောက်တော့ ငြိမ်နေပေးပါတယ်ဟယ်....
ကြာတော့လဲ ညောင်းတယ်ဟ. မခံနိုင်လွန်းလို့ ဟိုလှုပ်ဒီလှုပ်လုပ်တော့လဲ
လှုပ်ပြန်ပြီ... စကားလေးပြောမိတော့လဲ.. မင်းစကားပြောရင်ကို
အာရုံပျောက်ပျောက်သွားတယ်တဲ့.. သူ့အဖြစ်မရှိတာကျမပြောဘူး.. တကယ်
စိတ်တိုတယ်... တော်ပြီ .. ငါဆုံးဖြတ်လိုက်ပြီ.. နောက်ကို
သူဂေါက်ကွင်းသွားရင် ဘယ်တော့မှ မလိုက်တော့ဘူး........
"ကောင်မ..... ဂေါက်ကွင်းကို အရင်ပြောပါလား"
...
7:24 AM
ချစ်စကြင်စ ၆ရက်အကြာ..... ငါ နင့်ကိုချစ်တယ်၊ ငါ နင့်ကိုချစ်တယ်။ ၆လအကြာ....... အင်း ဟုတ်တယ်.. ချစ်ပါတယ်။ ၆နှစ်အကြာ...... အော်.. နင့်ကို မချစ်ရင် ငါလက်ထပ်ခွင့်တောင်းပါ့မလား? လက်ထပ်ပြီးစ အလုပ်အပြန် ၆ရက်အကြာ..... အချစ်လေးရေ.. မောင်ပြန်လာပြီ ၆လအကြာ...... ပြန်လာပြီဟေ့ ၆နှစ်အကြာ...... ငါပြန်လာပြီကွ.. ထမင်းကျက်ပြီလား? ဧည့်ခန်းတွင် ၆ရက်အကြာ...... ချစ်မိန်းမရေ.. ချစ်မိန်းမနဲ့ ပြောချင်လို့တဲ့ ၆လအကြာ........ ရော့ မင်းဖုန်း! ၆နှစ်အကြာ........ ရော်.. ဖုန်းကိုင်လိုက်လေ မီးဖိုထဲတွင် ၆ရက်အကြာ...... ဝါး.. အစားအစာတွေ ဒီလောက်အရသာရှိမှန်း ခုမှပဲသိတော့တယ် ၆လအကြာ...........
7:15 AM
လူတစ်ယောက်သည် မျက်စိ အထူးကုဆေးခန်းသို့ သွားကာ
သူ့မျက်စိကို အစစ်ဆေးခံ၏။ မျက်စိဆရာဝန်က ထိုလူကို ထိုင်ခိုင်းပြီး
မျက်စိမြင်နိုင်အားကို စမ်းသပ်သည့် ကဒ်ပြားလေးကို ထောင်ပြ၏။
“ဒီကဒ်ပြားပေါ်က စာတွေကို ဖတ်လို့ရလား” ဟု ဆရာဝန်က မေးသည်။
“မရဘူး ဆရာ” ဟု ထိုလူက ဖြေ၏။
ဆရာဝန်က ရှေ့ကိုတိုးပြီး…
“ အခုဖတ်လို့ ရပြီလား” ဟု ဆို၏။
“မရဘူး ဆရာ”
ဆရာဝန်က ကဒ်ပြားကို ထိုလူနှင့် အနီးဆုံးနေရာသို့ ယူလာပြီး…
“ဒီလောက် နီးနေရင်တော့ ဒီစာတွေကို ခင်ဗျားကောင်းကောင်း ဖတ်လို့ရမှာ သေချာတယ်” ဟုဆို၏။
ထိုလူက… “မရဘူး ဆရာ၊ ကျွန်တော်က စာမှ မတတ်တာ” ဟု ဆိုလေ...
7:08 AM
တစ်ခါက အိမ်တစ်အိမ်တွင် အိမ်ဖော်အသစ်ခေါ်သဖြင့် သူတို့ အိမ်၏ စည်းကမ်းများ အကျင့်များကိုပြောပြနေ၏
အိမ်ရှင်။ ။ ငါတို့ အိမ်က လူတွေက စောစောထတတ်တယ် ပြီးရင် မနက်စာကို ထမင်းကြော်စားလေ့ရှိတယ်
ဒါကြောင့် မနက်ကို စောစောထနိုင်အောင် ကြိုးစားပါ ..
အိမ်ဖော် ။ ။ ဟုတ်ကဲ့ပါ ဒါနဲ့ တကယ်လို့ ကျွန်မ မနိုးရင်လည်း ကျွန်မကို စောင့်မနေပါနဲ့ စားနှင့်လိုက်ပါ နော်
အားမနာပါနဲ့ ..
...
Subscribe to:
Posts (Atom)