တစ်နေ့မှာ ဆရာကတပည့်များကို သင်ခန်းစာပို့ချတယ်
ဆရာ ။ ။တပည့်တို့ ရေတစ်ခွက်နဲ့ အရက်တစ်ခွက်ယူလာပေးစမ်း..
တပည့် ။ ။ဟုတ်ကဲ့ ရော့ဆရာ
ဆရာ ။ ။ရေခွက် နဲ့ အရက်ခွက် ထဲသန်ကောင်တစ်ကောင်စီထည့်လိုက်တယ်
တပည့် ။ ။ဆရာ... အရက်ခွက်ထဲကသန်ကောင်သေသွားပြီလေ
ဆရာ ။ ။ကဲ တပည့်တို့ အရက်ခွက်ထဲက သန်ကောင်တော့သေသွားပြီ..ဘာသင်ခန်းစာရလိုက်လဲ
တပည့် ။ ။ဆရာ...အရက်သောက်သူတွေရဲ့ ဗိုက်ထဲမှာ..သန်ကောင်ဆိုတာမရှိနိုင်ပါဘူး
ဆရာ ။ ။ ဟောဗျာ...သေလိုက်ပါတော့လ...
11:49 PM
*အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန်ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ "အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ"ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။...
11:40 PM
တခါက နှစ်ပေါင်း ၅၀ ကြာ ပေါင်းသင်းခဲ့ကြသော လင်မယား နှစ်ယောက် အနက် ယောကျာင်္း သေဆုံးသွားလေသည်။ ဇနီးဖြစ်သူသည် ပရလောကနှင့် လူဝင်စားခြင်းကိုယုံကြည်သူ ဖြစ်သည်။ထို့ကြောင့် တမလွန်မှ သူ့ယောကျာင်္းနှင့် အဆက်အသွယ် ရရန် အမြဲတစေကြိုးပမ်းသည်။ တစ်ညတွင် သူ့ယောကျာင်္း အသံကို ထူးဆန်းစွာ ကြားရသည်။ မိန်းမ - ရှင်အဲဒီမှာ ဘယ်လိုနေလဲ ။ယောကျာင်္း - တကယ်ပဲကွာ ..... ပြောရရင် ယုံမှာ မဟုတ်ဘူး။ လှလိုက်တဲ့ကောင်းကင်၊ ရေကလဲ ပြာလဲ့ ကြည်နေတာပဲ။ မျက်လုံးညိုကြီးတွေနဲ့ အရမ်းချစ်စရာကောင်းတဲ့ သတ္တ၀ါတွေလဲ အပြည့်ပဲ။ မိန်းမ - ကောင်းကင်ဘုံဆိုတာ ရှင်ပြောသလို တစ်ခါမှ မကြားဖူးဘူး။ယောကျာင်္း - ကောင်းကင်ဘုံ...
11:31 PM
ခရီးသည်များ လှေတစ်စင်းဖြင့် မြစ်ပြင်ကိုဖြတ်သန်းစဉ်ကဖြစ်သည်။လှေကလေးသည် ကျောက်ဆောင်နှင့်ရုတ်တရက် တိုက်မိကာ ရေများက လှေဝမ်းထဲသို့စီးဝင်လာသည်။ ခရီးသည်မျာသည် သူတို့၏ အသက်အန္တာရာယ်အတွက်စိုးရိမ်လာသည်။လူတစ်ယောက် သူကမူ တစ်မူထူးခြားလှသည်။ သူသည်ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာထိုင်နေသည်။သူသည်ရယ်မောနေနိုင်သည့်အပြင်အခြားသူများကိုလည်း မစိုးရိမ် မပူပန်ကြရန် ပြောနေလေသည်။``မစိုးရိမ်ကြပါနဲ့။မစိုးရိမ်ကြပါနဲ့။´´သူကပြောသည်။``ဒါ စိုးရိမ်စရာ ပြဿနာလည်းမဟုတ်ပါဘူး။လှေထဲရေ၀င်လာတာပါ။ဒါဟာကျွန်တော်တို့ပြဿနာမှမဟုတ်ပါဘူး။ လှေကကျွန်တော်တို့ပိုင်တဲ့လှေမှ မဟုတ်...
11:30 PM
သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။တက္ကစီကားမှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´``နှစ်ရာ´´``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´ ``နှစ်ရာပါပဲ´´``ကြားတယ်မဟုတ်လား ဘမောင်၊မင်းဟာ ဘာတန်ဖိုးမှ မရှိတဲ့ အကောင်ဆိုတာ ယုံပြီလာ...
11:26 PM
အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အိမ်ထဲကနေ လမ်းမပေါ်ကို အထိတ်တလန့်နဲ့
ပြေးထွက်လာပြီး အော်ပါတယ်။ “ကယ်ကြပါဦး။ ကယ်ကြပါဦး။ ကျွန်မသားလေး
အကြွေစေ့တစ်စေ့ကို မျိုချပြီး အသက်ရှူ လမ်းကြောင်းပိတ်နေလို့။ ကျွန်မလည်း
မလုပ်တတ်တော့ဘူး။”
အနားမှာ ရှိတဲ့လူတွေ အားလုံး မျက်နှာလွှဲသွားကြပါတယ်။ လူလတ်ပိုင်းအရွယ်
အမျိုးသားတစ်ဦးကပဲ အမျိုးသမီးရဲ့ အိမ်ထဲကို ပြေးဝင်သွားပါပြီး သူမရဲ့
သားကို ရှာပါတယ်။ နောက်တော့ အဲဒီကလေးကို ခြေထောက်ကနေ ဇောက်ထိုးကိုင်ပြီး
လှုပ်ရမ်းပါတယ်။ နောက်ဆုံးတော့ အကြွေစေ့ဟာ ကောင်လေးရဲ့ ပါးစပ်ထဲကနေ
ထွက်ကျလာပါတယ်။
အမျိုးသမီးကတော့ ဝမ်းသာအားရနဲ့ “ကျေးဇူးတင်လိုက်တာရှင်။...
11:22 PM
လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...တရားသူကြီးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲ ယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါကြောင့်သီးမခံနိုင်တာပါ။တရားသူကြီးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့...
11:20 PM
အလုပ်ရှင်က အလုပ်သမားကို ဆူနေသည်။
"မောင်ရင်၊ ဒီနေ့ ၂-နာရီနောက်ကျပြီးမှ အလုပ်ရုံကို ရောက်လာတယ်။
ဘာသဘောလဲ"
"ဒီကနေ့ ကျွန်တော် ကံဆိုးမိုးမှောင် ကျလို့ပါ ခင်ဗျာ"
"လင်းစမ်းပါအုံး"
"အိမ်ပြတင်းပေါက်က ကျွန်တော် လိမ့်ကျခဲ့ပါတယ်"
"မောင်ရင်၊ ဘယ်အထပ်မှာ နေလို့လဲ"
"ခြောက်ထပ်မှာပါ"
"ခြောက်တပ်မှာ ဟုတ်လား၊ ခြောက်ထပ်ကနေ မြေပေါ်ကို လိမ့်ကျတာ ၂-နာရီ
တိတိကြာလို့လာ...
11:14 PM
အသက်၄၀ခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအား အိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။ ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့ကမင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃၀ကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်။ ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်.......့် မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင် အသက်၁၆နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေ...
11:10 PM
ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ" တရားခံကို တရားသူကြီးကမေးသည်..။
"သူ့ကို ကျနော်ကြိုက်လို့ပါ"ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
"ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ "ဟုတရားသူကြီးကထပ်မေးသည်..။
"သူ့ကိုကျနော်ကြိုက်လို့ပါ "ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
'ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း "
"တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ....
11:08 PM
မောင်ရိုးဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။ မိဘများသဘောတူနေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။မောင်ရိုးကြိုက်နေသောမိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။ ကဲ...မောင်ရိုး မင်းကြိုက်နေသောမိန်းခလေးးကိုယူမလား။ ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။မောင်ရိုး သေချာစဉ်းစားပြီးမှ မိဘများကိုပြောလိုက်သည်.... အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး ........သားကြိုက်တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ နော်.....
11:06 PM
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကိုစေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။``ငါသိပါတယ်ကွာ´´သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား...
11:04 PM
စိတ္တဇဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။
သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး
ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ “ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန်
လုပ်နေရတာလဲ” လို့ မေးလိုက်တယ်။
သူပြန်ဖြေလိုက်တာက “ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့” ဟူတည်း။ ...
11:03 PM
နှစ်လုံးထီရောင်းသူတစ်ယောက် ဖမ်းလာတယ် ။ ကော်မရှင်ရောင်းတဲ့သူလေးပါ ။စစ်တော့ ကိုပြောင်ကြီးဆီတင်တာပါတဲ့လေ။ကိုပြောင်ကြီးက ဒိုင်တဲ့
.............ပြောင်ကြီးလဲ အိုးစွပ်ခွက်စွပ် မစားမိပါဘူး ။ စွပ်ပြုတ်တောင်မသောက်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ပြောင်ပြောင်ပဲရှင်းမယ်ပေါ့ ။ရဲက ပြောင်ကြီးကို လာဖမ်းတယ် ။ အမှုတစ်ခုဆိုတာ သက်သေခိုင်လုံမှဖမ်းလို့ရတာကိုး။ ကိုပြောင်ကြီး လက်ထဲ ဘာမှမမိဘူးလေ။ ဒါပေမယ့် စခန်းခေါ်သွားတယ် ။စခန်းမှုးက '' ဟေး ရောင်းတဲ့သူက ပြောတယ် ပြောင်ကြီးဆီတင်တာတဲ့ " ပြောင်ကြီး "စခန်းမှုးရယ် ကောလဟာလတွေမယုံပါနဲ့ဗျာ"စခန်းမှုး ''ဟေ့ကောင် အဖမ်းခံရတဲ့သူကိုယ်တိုင်က ၀န်ခံနေပြ။ီမင်းမှာဘာသက်သေမှမရှိလဲ...
11:00 PM
တစ်နေ့မှာ ရုတ်တရက် မိုးရွာချလာလို့ စိတ္တဇဝေဒနာသည်တွေအားလုံး အင်္ကျီ၊
ဇလုံတွေ ယူပြီး မိုးရေဆင်းချိုးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က ရေမဆင်းချိုးဘဲ
ဝရန်တာမှာ ရပ်နေတာတွေ့လို့ ဆရာဝန်က “ခင်ဗျားဘာဖြစ်လို့ သူတို့နဲ့အတူ
ရေမဆင်းချိုးတာလဲ” လို့ မေးလိုက်တယ်။ လူနာပြန်ဖြေလိုက်တာက…
“ကျွန်တော် ရေနွေးတဲ့အထိ စောင့်နေတာပါ” ဟူတည်း...
10:58 PM
bus ကားတစ်စီးပေါ်မှာ....အသက် သုံးဆယ်ဝန်းကျင်လူတစ်ဦးက
သူ့အရှေ့မှာ မတ်တပ်ရပ်ပြီး ကားစီးနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လုံချည်စ
(ဖင်ကြားညှပ်နေတာကို)မြင်လိုက်မိတယ်။ အဲဒီမှာသူက
စဉ်းစားတာပေါ့....သူဘာလုပ်ပေးရင်ကောင်းမလဲ..................
သွားပြောရင်လည်းကောင်မလေးကရှက်သွားမယ်......ဒီတိုင်းကြီးကျပြန်တော့လည်း
တော်တော်ကြည့်ရဆိုးနေတယ်.....
အဲဒါနဲ့သူလည်း... ကောင်မလေးနားအသာကပ်သွားပြီးတော့
...မသိမသာလေး "ဖတ်"ဆိုပြီး...................
..ညှပ်နေတဲ့အစလေးကိုဆွဲထုတ်ပေးလိုက်တာပေါ့.....ဟာ.....ကောင်မလေးကလည်း
လက်မြန်သလားမမေးနဲ့ချက်ချင်းဆိုသလိုနောက်လှည့်ပြီး
..အဲဒီလူရဲ့ပါးကို...
10:55 PM
သင်္ဘောတစ်စီးတွင် ရေယာဉ်မှူးအသစ် အပြောင်းအလဲလုပ်ကြသည်။
ရေယာဉ်မှူးအဟောင်းက သင်္ဘော၏ နောက်ကြောင်းရာဇ၀င်ကိုပြောပြီး
သင်္ဘောသားများကို ရေယာဉ်မှူးအသစ်နှင့်  မိတ်ဆက်ပေးသည် ။
ရေယာဉ်မှူးအသစ် " မင်းတို့ အားလုံးသိအောင် တစ်ခုတော့ ရှင်းရှင်းပြောထားမယ်။
ဒီသင်္ဘောဟာ မင်းတို့ သင်္ဘောလည်းမဟုတ်ဘူး။ ငါ့ သင်္ဘောလည်းမဟုတ်ဘူး။တို
့အားလုံးရဲ့ သင်္ဘောဖြစ်တယ်ဆိုတာပဲ။"
ထိုအခိုက် သင်္ဘောသားများထဲမှ အသံတစ်သံကြားထွက်လာသည်။
" ဟာ အရမ်းကောင်းတာပဲ။ အားလုံးသဘောတူရင် ရောင်းစားလိုက်ကြရအောင်" ...
10:54 PM
တနေ့ မှာ သားအဖ (၂)ယောက်စကားလက်ဆုံကြနေကြပါတယ်။ သားက အခုမှ စကားတတ်စ
(၇)နှစ် ပတ်ဝန်းကျင် လောက်ပဲရှိပါအုံးမယ်။ အဲဒီမှာ သားက အဖေ့ ကိုဘာမေးလဲဆိုတော့ 
သား ... အမေ့ ကိုဘာဖြစ်လို့ လက်ထပ်ခဲ့တာလဲ တဲ့  ?
အဖေ... သားမေမေ ကို အဖေ့ အရမ်းချစ်လို့ ပေါ့ ကွ ..
သား... မေမေ ကရော ဖေဖေ့  ကိုချစ်လား ??
အရမ်းချစ် လို့ ဖေ့ ဖေ့ ကို လက်ထပ်ခဲ့ တာပေါ့ ကွ
အဲဒီမှာ သားက တစခန်းထ လာတယ် ...
သား... အဲဒါဆို သားလဲ သားကိုအရမ်းချစ် တဲ့ သူကို ပဲ ယူမှာပေါ့ ဗျာ
အဖေ... ဟေ မင်း မှာအရမ်းချစ်တဲ့ သူ ရှိလားကွ
သား.... သားကိုအရမ်းချစ်တဲ့ သူ ရှိတယ် ...အဘွားပေါ့  ..သားကြီးလာရင်
အဘွားကိုပဲ လက်ထပ်မှာဗျ
အဖေ......
10:50 PM
တစ်နေ့မှာ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ လူနာတစ်ယောက်ဟာ ဆရာဝန်နဲ့ ပြသတိုင်ပင် ရန် ဆေးခန်းသို့ ရောက်ရှိလာခဲ့ပါတယ်…။
လူနာ။ ။ ဆရာ…ကျွန်တော် အသဲကွဲနေလို့။ အဲဒါ ရောဂါက မသက်သာဘူးဆရာ…။ တစ်နေ့ ထက် တစ်နေ့ပိုဆိုးလာတယ်…။ ကူညီပါအုံးဗျာ…။
ဆရာဝန်က လူနာကို တစ်ချက်မျှ ခပ်စူးစူး စိုက်ကြည့်လိုက်ပါတယ်…။ ပြီးတော့
သက်ပြင်းတစ်ခုကို ဘာကြောင့် မှန်းမသိ သူ့ဘာသာ ချရင်း
ခေါင်းညိတ်ပြလိုက်ပါတယ်…။
ဆရာဝန်။ ။ ဒါဆိုလည်း ခင်ဗျား ဝေဒနာစဖြစ်ပုံကစပြီး ဘယ်လိုတွေခံစားနေရတယ် ဆိုတာ ကျွန်တော့်ကို နဲနဲလောက် ပြောပြဗျာ…။
လူနာ။ ။ အချစ်ဆိုတဲ့...
10:48 PM
ရုရှားသိပ္ပံ ပညာရှင်များ မြောအောက်တူးဖော်မှု ပြုလုပ်ရာ မြေအောက်ပေ ၁၀၀
အနက် အရောက်တွင် နှစ် (၁၀၀၀) သက်တမ်းရှိ တယ်လီဖုန်းကြိုးများကို
တွေ့ရသည်။နောက်တစ်ရက်တွင် ရုရှားသတင်းစာများက ဤသို့ ဖော်ပြကြ၏။
`“ရုရှား ဘိုးဘေး ဘီဘင်များ လွန်ခဲ့သော နှစ် ၁၀၀၀ ကပင် တယ်လီဖုန်း သုံးစွဲခဲ့”
နောက် ၁၀ ရက်အကြာတွင် အမေရိကန် သိပ္ပံပညာရှင်များကလည်း မြောအောက် တူးဖော်မှု
တစ်ရပ်ပြူလုပ်ခဲ့ကြသည်။ မြေအောက်ေ ပ ၂၀၀ အရောက်တွင် နှစ် ၂၀၀၀ သက်တမ်းရှိ
ဖိုင်ဘာအော့ပ်တစ်ကြိုး များကိုတွေ့ရသည်။
နောက်တစ်ရက်တွင် အမေရိကန် သတင်းစာများကဤသို့ ဖော်ပြကြသည်။
“အမေရိကန် ဘိုးဘေးဘီဘင်များ လွန်ခဲ့သောနျစ်...
10:43 PM
ကျနော်တို့ ရပ်ကွက်က လူလတ်တန်းစားရပ်ကွက်လေးတစ်ခုပါ။
လူတန်းစား လည်း စုံတယ်ဗျ။ ဆိုက်ကားသမား၊ရုံးဝန်ထမ်း၊ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေ၊ကျဘန်းလုပ်သား။TAXI မောင်းသူစသဖြင့်ပေါ့။
အဲ....ဒါနဲ့ လွန်ခဲ့တဲ့ ၂နှစ်လောက်ခန့် က ရုပ်ရည်သနားကမားနဲ့ အရူးမတစ်ယောက် ရောက်လာတယ်ဗျ။
ပထမ တော့ ဆိုးမယ်ထင်တာ။ဒါပေမဲ့ရင်ရင်လေးပါဗျာ။ရေကူဆွဲပေးတယ်။အထုပ်အပိုးပါရင်ကူသယ်ပေးတယ်။
ရပ်ကွက်ကလူတွေကလည်း သနားတာနဲ့ တွေ့သူက ကျွှေးကြပါတယ်။
အဲ ...အိမ်တော့ခေါ်မထားနိုင်ဖူးပေါ့ဗျာ။အိပ်တော့လား ဆိုက်ကားဂိတ်တခုမှာ အိပ်တယ်ဗျ။အဲဒီဂိတ်က ညပိုင်းဆို Taxi တွေလဲ ရပ်ထားတတ်တယ်။
မီးတိုင်ကလည်းမာကျူရီမီးတိုင်ဆိုတော့......ထမင်းကြော်ဆိုင်တခုလည်း...
10:36 PM
အလုပ်ကိစ္စတစ်ခုနဲ့ ရက်ရှည်ခရီးထွက်ရတော့မယ့် ယောက်ျားလုပ်သူက သူ့မိန်းမကို မှာနေတယ် ...။ "မင်း ဘာဘဲလုပ်လုပ်၊ င့ါ စာကြည့်ခန်းထဲကိုတော့ မဝင်နဲ့" မိန်းမဆိုတဲ့အမျိုးက ဘယ်ရလိမ့်မလဲ၊ သူ့ယောက်ျားလဲ ထွက်သွားရော စာကြည့်ခန်းထဲ တန်းဝင်ကြည့်တာ။ စာကြည့်စားပွဲအောက်မှာ ဒေါ်လာ ၁ သောင်းနဲ့ အရက်ပုလင်းခွံ ၂ခု တွေ့တယ်။ ဒါနဲ့ ယောက်ျားပြန်လာတော့ မေးတာပေါ့ ... "ရှင့် စာကြည့်စားပွဲအောက်က အရက်ပုလင်းခွံ ၂ခုက ဘာအဓိပ္ပယ်လဲ" ဒီတော့ ယောက်ျားက မျက်နှာငယ်လေးနဲ့ ပြန်ဖြေတယ် ... "တခြား မိန်းမတစ်ယောက်နဲ့ တခါဖောက်ပြန်မိတိုင်း အရက်တစ်ပုလင်း သောက်မိတယ်၊ င့ါကို ခွင့်လွတ်ပါ" "ရပါတယ်လေ၊...
10:24 PM
အသစ်တက်တဲ့ အကြီးအကဲတစ်ဦးက ပြောင်းရွေ့သွားရမယ့် အကြီးအကဲဟောင်းကို မေးတယ်။"ကျွန်တော့်ကို ဘာလျှို့ဝှက်ချက်တွေများ ဝေငှာပေးခဲ့ချင်ပါသလဲ?""လျှို့ဝှက်ချက်က
သိပ်မများပါဘူး။ ပထမတစ်နှစ်မှာ ရိုးသားကြိုးစားပါ။ နာမည်ကောင်းယူပါ။
ဒုတိယနှစ်ရောက်ရင် မသိမသာစားပါ။ လူတွေ မသိအောင်စားပါ။ တတိယရောက်ရင်
စားချင်သလောက်စားပါ။ အရင်(၂)နှစ်စလုံး နာမည်ကောင်းရထားတော့ ဘယ်လောက်စားစား
လူတွေ သံသယမဖြစ်နိုင်တော့ဘူ...
10:23 PM
တစ်နေ့မှာ အဘွားတစ်ယောက်ဟာ
ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီးတော့ အိမ်ကသူ့ခွေးလေး အတွက်
ခွေးစာသွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီးပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက
ငွေကိုင် မိန်းကလေးက ..
” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။
ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ
ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။ နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ
သူ့အိမ်က ပူစီလေးအတွက်ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက
ငွေကိုင်...
10:22 PM
အမျိုးသမီးတစ်ဦးဟာ လွတ်တော်အဆောက်အဦး တစ်ခုထဲရောက်သွားတယ်။
လှေကားတက်ချိန်မှာ မတော်တဆ ခြေချော်ပြီး လဲကျသွားတယ်။ ဒါကို
လွတ်တော်အမတ်တစ်ဦးက သွားထူလိုက်တယ်။"ကျေးဇူးတင်ပါတယ်ရှင်""ကျေးဇူးတင်စရာမလိုပါဘူး။ ရွေးကောက်ပွဲကျရင် ကျွန်တော့်ကို မဲထည့်ပါ""ခြေချော်တာက ခြေထောက်ပဲ နာသွားတာပါ။ ကျွန်မ ဦးနှောက်ကို မထိခိုက်သွားပါဘ...
10:19 PM
တစ်နေ့တော့ဘတ်စကားစပယ်ရာတစ်ယောက်အလုပ်ရူပ်နေသတဲ့ကားပေါမှာကလူတွေပြည့်နေတာကို
အရမ်းကျပ်တော့လူတစ်ယောက်ကားမောင်းနေရင်းပြုတ်ကျသတဲ့
ဒါနဲ့စပယ်ယာကမြင်တာပေါ့
သူလိုပဲမြင်တဲ့ကားစီတစ်ယောက်ကကားကိုရပ်ပါလို့အော်လိုက်တယ်ဒါနဲ့စပယ်ရာပြောတယ်ဘာလို့ရပ်မှာလဲတဲ့
သူကပြန်ပြောတယ်လူတစ်ယောက်ပြ
ုတ်ကျကျန်နေလို့ပါတဲ့ဒါနဲ့ကားစပယ်ယာပြန်ပြောလိုက်တာက
ရပါတယ်အကို .... ကိစ္စမ၇ှိပါဘူး သူဆီကကားခယူပြီးသားပါတ...
10:16 PM
တစ်ခါကရွာသားအဘကြီးတစ်ယောက်ရန်ကုန်တတ်လာတယ်
သူကလမ်းပေါမှာလမ်းလျောက်ရင် ရန်ကုန်သူကောင်မလေးကိုမြင်တယ်လေ
အဲကောင်မလေးဝတ်ထားတာက ထမီစကပ်ပေါ့ တ၀က်ကပြဲလို့လေ
ဒါနဲအဘကြီးကလဲသူကိုခေါလာတဲ့သူရွာသား ကိုပြောသတဲ့
မင်းမလို့ရန်ကုန်နေတယ်ကွာတဲ့မင်းတို့ရန်ကုန်ကလဲ
မွဲလိုက်တာကမ်းကုန်ရောတဲ့ ထမီတောင် အဆုံးထိမချူပ်ျနိုင်ဘူးတ...
10:13 PM
ရွာတစ်ရွာတွင်မောင်မဲဆိုသော လူတစ်ယောက်ရှိသည်။ သူသည်
အမည်နှင့်လိုက်အောင် အလွန်အသားမဲ လှ ပါသည်။တစ်နေ့မောင်မဲရေချိုးနေစဉ်
ကျီးကန်းတစ်ကောင်မှ ဆပ်ပြာတုံးအား အစာဟုထင်ကာ ချီသွားပါတော့သည်။
ထိုအခါမောင်မဲ၏အမေက မောင်မဲအား
“ဟဲ့.........မောင်မဲနင့်ဆပ်ပြာကျီးကန်းချီသွားပြီ”
ထိုအခါမောင်မဲဖြေလိုက်ပုံမှာ
“ချီပါစေအမေရာ သူကသားထက်အသားမဲလို့နေမှာပေါ့...ချီပါစေဗျာ”တဲ...
10:12 PM
အမက မူလွန်ကျောင်းက မူကြိုဆရာမလေး တစ်ယောက်ပေါ့ သူက အားလတ်ချိန်တိုင်း ကျောင်းသားတွေကို ပန်းချီဆွဲ
ခိုင်းလေ့ရှိတာပေါ့ တစ်နေ့တော့ ၀ှိက်ဘုစ် မှာ အသဲပုံလေး ဆွဲပြပြီး ကျောင်းသားတွေကို တူအောင်လိုက်ဆွဲခိုင်းတယ်
ဒီတော့ကျောင်းသားတွေကလဲ ကိုယ်စွမ်းသလောက် လက်စွမ်းပြလိုက်ကြတာ ကျောင်းသားတစ်ယောက်ကသူများထက်
ထုးပြီး အသဲမှာခြေထောက်တတ်ပေးလိုက်တယ် ဒီတော့ဆရာမ က ဘယ်သူက ပန်းချီဆွဲပိုတော်သလဲ ပြီးတာနဲ့ တစ်
အုပ်ခြင်း စစ်ကြည့်တာပေါ့ ခြေထောက်တတ်ထားတဲ့ အသဲပုံကိုတွေ့တော့ ဆရာ မက သူခိုင်းတဲ့ အတိုင်းမဆွဲလို့
ဆရာမ ကဒေါသထွက်တော့တာပေါ့...
10:08 PM
တစ်ခါက
မြို့လေးတစ်မြို့တွင်အထည်ဆိုင်ဖွင့်ကာအထည်ရောင်းချသောအမျိုးသမီးတစ်ဦးရှိလေသည်။တစ်နေ့
ယောက်ကျားတစ်ယောက်က
ဆိုင်ရှေ့လာရပ်ပြီးလုံချည်တစ်ထည်ကိုကောက်ယူရင်း"ဒီလုံချည်ကဘယ်လောက်ရှိသလဲခင်ဗျ"လို့မေးလိုက်တယ်။သည်တော့
ဆိုင်ရှင်အမျိုးသမီးက"အကိုကြီးကိုဈေးစကားပြောရမှာအားနာလှပါတယ်ရှင်၊အကိုကြီးဘာသာအကိုကြီးပဲ
ပေးနိုင်တဲ့ဈေးကိုပြောပါ။ ရောင်းနိုင်တဲ့အနေအထား ရှိရင်လည်း
ရောင်းလိုက်ပါ့မယ်ရှင်" လို့ပြောလိုက်သတဲ့။ အဲသည်မှာ ဈေးဝယ်ယောက်ကျားက
"သည်းခံပါ ငါ့ညီမရယ် အကိုကလဲ အားနာတတ်လွန်းလို့ တခါကဆိုရင်
ငွေငါးသောင်းတောင်ဆုံးဖူးပါတယ်၊ ဒါကြောင့်ငါ့နှမပဲဈေးပြောပါကွယ်"...
10:05 PM
စိတ်မနှံ့သူများကို တင်ဆောင်လာသော လေယာဉ်ပျံတစ်စင်းသည် ပျံသန်းရင်းသွက်သွက်ခါနေသည်။လေယာဉ်မှူးမှ
လေယာဉ်ပျက်ကျမည်ကို စိုးရိမ်သဖြင့် စိတ်မနှံ့သူတို့၏ခေါင်းဆောင်ကိုခေါ်ကာ
ဟေ့လူခင်ဗျားလူတွေ ဘာလုပ်နေကြတာလဲ လေယာဉ်ကိုထိန်းလို့မရတော့ဘူး ပျက်ကျလိမ့်မယ်
ဟုပြောလိုက်သည်။ထိုအခါခေါင်းဆောင်မှ
စိတ်မရှိပါနဲ့ဗျာ သူတို့ ဘောလုံးကန်နေကြတာဗျ ကျွန်တော်ကြည့်ပြောလိုက်ပါမယ်
ဟုပြောလေသည်။ခဏအကြာတွင် လေယာဉ်မှာ ပုံမှန်အတိုင်း ပြန်လည် ငြိမ်သက်သွားပါတော့သည်။ထိုအခါ
လေယာဉ်မှူးမှခေါင်းဆောင်အား
...
10:03 PM
ဆရာမသည် ပီတာလေးကို ကျောင်းအုပ်ကြီး၏ အခန်းထဲသို. ခေါ်လာသည် ။" ဆရာကြီး ... ပီတာလေးကို ပပထမတန်းမှာ မထားသင့်ပါဘူး ။ အရွယ်နဲ့ မလိုက်အောင်သူအများကြီးသိနေတယ် ရှင့် ၊သူ.ကို တတိယတန်းမှာ တက်ဖို. ကျမ အဆိုပြုချင်ပါတယ် ရှင့် .. "" ကောင်းပြီလေ ၊ ဒါပေမဲ့ အတန်းကျော်တက်မယ့်ကလေးဟာဆရာမပြောသလို တော်ရဲ့လားဆိုတာကိုတော့ကျနော်ကိုယ်တိုင် စမ်းမေးချင်တယ် ၊ "" ကိုင်း ... မောင်ပီတာ ... နှစ် နဲ့ နှစ် မြောက်ရင် ဘယ်လောက်ရသလဲကွဲ. "" လေး ပါ ဆရာကြီး "" မှန်တယ် ၊ သုံး နဲ့ သုံး မြောက်ရင်ကော "" ကိုး ပါ ဆရာကြီး "" မှန်တယ် ၊ ငါး အမြောက် ငါး ဆိုရင်ကော .."" ၂၅ ပါ ဆရာကြီး "" မှန်တယ် ၊ ဆရာမ...
Subscribe to:
Posts (Atom)