ရုရှားသိပ္ပံ ပညာရှင်များ မြောအောက်တူးဖော်မှု ပြုလုပ်ရာ မြေအောက်ပေ ၁၀၀
အနက် အရောက်တွင် နှစ် (၁၀၀၀) သက်တမ်းရှိ တယ်လီဖုန်းကြိုးများကို
တွေ့ရသည်။နောက်တစ်ရက်တွင် ရုရှားသတင်းစာများက ဤသို့ ဖော်ပြကြ၏။
`“ရုရှား ဘိုးဘေး ဘီဘင်များ လွန်ခဲ့သော နှစ် ၁၀၀၀ ကပင် တယ်လီဖုန်း သုံးစွဲခဲ့”
နောက် ၁၀ ရက်အကြာတွင် အမေရိကန် သိပ္ပံပညာရှင်များကလည်း မြောအောက် တူးဖော်မှု တစ်ရပ်ပြူလုပ်ခဲ့ကြသည်။ မြေအောက်ေ ပ ၂၀၀ အရောက်တွင် နှစ် ၂၀၀၀ သက်တမ်းရှိ ဖိုင်ဘာအော့ပ်တစ်ကြိုး များကိုတွေ့ရသည်။
နောက်တစ်ရက်တွင် အမေရိကန် သတင်းစာများကဤသို့ ဖော်ပြကြသည်။
“အမေရိကန် ဘိုးဘေးဘီဘင်များ လွန်ခဲ့သောနျစ် ၂၀၀၀ ကပင် ဒီဂျစ်တယ် တယ်လီဖုန်းများ အသုံးပြုခဲ့ကြောင်းတွေ့ ရှိ”
နောက် ၇-ရက်အကြာတွင် တရုတ်သိပ္ပံပညာရျင်များ မြေအောက်တူးဖော်သည်။ မြေအောက်ပေ ၅၀၀ အနက်အရောက် အထိ မည်သည့် ပစ္စည်းမှ မတွေရရှိကြ။ နောက်တရက်တွင် တရုတ်သတင်းစာများက ဤသို့ဖော်ပြကြ၏။
`“တရုတ် ဘိုးဘေးဘီဘင်များသည် လွန်ခဲ့သော နှစ် ၅၀၀၀ ကပင်၊ ဖုန်းကြိုးများ အခိုးခံရမည် စိုး၍ မိုဘိုင်းဖုန်းများ သုံးစွဲခဲ့”
မြန်မာ မိဒီယာများက အထက်ပါ ထုတ်ပြန်ချက်များကို ထောက်ရှူ ဆင်ခြင်၍ သမိုင်း အထောက်အထား နောက်ကျ မကျန်ခဲ့စေခြင်း အကျိုးငှာ အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာ ခဲ့သည်။
“ မြန်မာ ဘိုးဘေး ဘီဘင်များသည် ရှေးနှစ်ပါင်း ၅၀၀၀ မတိုင်မီ ခေတ်ဦးမဆွကကပင်အမေရိကန်၊အင်္ဂလန်နှင့်အပြင်ပ နိုင်ငံ များ၏ ခေတ်မှ
ပစ္စည်းများသုံး၍ နိုင်ငံရေးအရ ၀င်ရောက် နှောက်ယှက် ဗိုလ်ကျမည် စိုးရိမ်၍
စက်ပစ္စည်းများမသုံးဘဲ ၄င်းတို့ အစား၊၀ိဇ္ဇာ ပညာရပ် စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့်
ဘာသာရေး သမထ ကျင့်စဉ်များသုံးကာ တယ်လီပသီနည်းဖြင့် တဦးနှင့် တဦး ဆက်သွယ်ခဲ့ကြသည်”ဟုထုတ်ပြန်ကြေငြာလိုက်သည်