နှစ်လုံးထီရောင်းသူတစ်ယောက် ဖမ်းလာတယ် ။ ကော်မရှင်ရောင်းတဲ့သူလေးပါ ။
စစ်တော့ ကိုပြောင်ကြီးဆီတင်တာပါတဲ့လေ။ကိုပြောင်ကြီးက ဒိုင်တဲ့
.............ပြောင်ကြီးလဲ အိုးစွပ်ခွက်စွပ် မစားမိပါဘူး ။
စွပ်ပြုတ်တောင်မသောက်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ပြောင်ပြောင်ပဲရှင်းမယ်ပေါ့ ။
ရဲက ပြောင်ကြီးကို လာဖမ်းတယ် ။ အမှုတစ်ခုဆိုတာ သက်သေခိုင်လုံမှဖမ်းလို့ရတာကိုး
။ ကိုပြောင်ကြီး လက်ထဲ ဘာမှမမိဘူးလေ။ ဒါပေမယ့် စခန်းခေါ်သွားတယ် ။
စခန်းမှုးက '' ဟေး ရောင်းတဲ့သူက ပြောတယ် ပြောင်ကြီးဆီတင်တာတဲ့ "
ပြောင်ကြီး "စခန်းမှုးရယ် ကောလဟာလတွေမယုံပါနဲ့ဗျာ"
စခန်းမှုး ''ဟေ့ကောင် အဖမ်းခံရတဲ့သူကိုယ်တိုင်က ၀န်ခံနေပြ။ီမင်းမှာဘာသက်သေမှမရှိလဲ ဖမ်းလို့ရတယ်ကွ။"
ပြောင်ကြီး "ဒီလိုသာ လက်ညှိုးထိုးတိုင်းဖမ်းလို့ရရင်တော့ ဖမ်းပါဗျာ ။ကျနော်က
ကိုယ်စားလှယ်လေးပါ ။ဒိုင်ချုပ်ဆီ ပြန်တင်ရတာပါ ။
စခန်းမှုး " ဟေ....မင်းက ဘယ်သူ့ဆီတင်တာလဲ ။ပြောစမ်း ။ငါရအောင်ဖမ်းမယ် ။"
ပြောင်ကြီး '' ကျနော် စခန်းမှုးကတော်ဆီတင်တာပါဗျာ ''
Subscribe to RSS Feed Follow me on Twitter!