တစ်ခါက
မြို့လေးတစ်မြို့တွင်အထည်ဆိုင်ဖွင့်ကာအထည်ရောင်းချသောအမျိုးသမီးတစ်ဦးရှိလေသည်။တစ်နေ့
ယောက်ကျားတစ်ယောက်က
ဆိုင်ရှေ့လာရပ်ပြီးလုံချည်တစ်ထည်ကိုကောက်ယူရင်း"ဒီလုံချည်ကဘယ်လောက်ရှိသလဲခင်ဗျ"လို့မေးလိုက်တယ်။သည်တော့
ဆိုင်ရှင်အမျိုးသမီးက"အကိုကြီးကိုဈေးစကားပြောရမှာအားနာလှပါတယ်ရှင်၊အကိုကြီးဘာသာအကိုကြီးပဲ
ပေးနိုင်တဲ့ဈေးကိုပြောပါ။ ရောင်းနိုင်တဲ့အနေအထား ရှိရင်လည်း
ရောင်းလိုက်ပါ့မယ်ရှင်" လို့ပြောလိုက်သတဲ့။ အဲသည်မှာ ဈေးဝယ်ယောက်ကျားက
"သည်းခံပါ ငါ့ညီမရယ် အကိုကလဲ အားနာတတ်လွန်းလို့ တခါကဆိုရင်
ငွေငါးသောင်းတောင်ဆုံးဖူးပါတယ်၊ ဒါကြောင့်ငါ့နှမပဲဈေးပြောပါကွယ်"
လို့ပြောတဲ့အခါ ဆိုင်ရှင်အမျိုးသမီးကလဲ "အကိုကြီးက အားနာလို့ဆုံးရှုံးခဲ့ရတာ
ငွေလေးငါးသောင်းထဲပါ၊ ညီမအားနာ တတ်တာလောက်တော့ မဆိုးသေးဘူးထင်ပါတယ်"
လို့ပြောတော့ ဈေးဝယ်သူက"ဘယ်လိုမဆိုးတာတုန်း ပြောစမ်းပါဦး" လို့
မေးတဲ့အခါဆိုင်ပိုင်ရှင်မိန်းမက"ကျွန်မအားနာတာက ဟောဟိုမှာဆော့နေတဲ့
ကလေးတွေတွေ့ရဲ့မဟုတ်လား" "တွေ့ ပါ့ဗျာ၊ ငါးယောက်တောင်"
"ဟုတ်တယ်၊အဲ့သည်ကလေးငါးယောက်လုံးအဖေခေါ်စရမရှိဘူး အကိုကြီးရဲ့" တဲ့။