ခရီးသည်ဟာ မေးခွန်းမေးဖို့အတွက် တက္ကစီကားဆရာရဲ့ပခုံးကို လက်နဲ့ လှမ်းပုတ်လိုက်ပါတယ်။
ကားဆရာဟာ ကြောက်လန့်တကြားနဲ့ အော်ဟစ်ရင်း မောင်းနေတဲ့ကားကို အရှိန်မထိန်းနိုင်
တော့ပဲ တစ်ဖက်ကလာတဲ့ ဘတ်စ်ကားနဲ့ တိုက်မိတော့မလိုဖြစ်သွားပြီး ပလက်ဖောင်းကို
ကျော်ကာ ဆိုင်တစ်ဆိုင်ရဲ့ မှန်တံခါးတွေကို တိုက်မိခါနီး လက်မအနည်းငယ်အလိုလေး
မှာ ကားဟာ ရပ်သွားပါတော့တယ်။
အဖြစ်အပျက်အပြီး ကားထဲမှာ တစ်စက္ကန့်လောက် ဘယ်သူမှ စကားမပြောနိုင်ဘဲ တိတ်ဆိတ်
သွားပြီး တက္ကစီမောင်းသူက "ဒီမှာ ..သူငယ်ချင်း .. စောစောကလိုမျိုး ကျွန်တော်ကို တို့လား၊
ပုတ်လား ဘယ်တော့မှ ထပ်မလုပ်မိစေနဲ့ ..သိလား။ ခင်ဗျားက ကျုပ်ကို နေ့ခင်းကြောင်
တောင်ကြီး လန့်ပြီး ဒုက္ခရောက်အောင် လုပ်လိုက်တာပဲ"လို့ပြောလိုက်ပါတယ်။
ခရီးသည်က စိတ်ဆိုးနေတဲ့ ကားဆရာကို "ပခုံးပုတ်ခံရတာကို ခင်ဗျား ဒီလောက်လန့်တတ်
မှန်း ကျွန်တော်မသိလို့ပါဗျာ"လို့ပြောပြီး တောင်းပန်လိုက်ပါတယ်။
အဲဒီအခါ ကားဆရာက
"ကျုပ်လည်း တောင်းပန်ပါတယ်ဗျာ။ တကယ်တော့ ခင်ဗျားအပြစ်
လည်း မဟုတ်ပါဘူး။ ကျုပ်က ၂၅ နှစ်လောက် နိဗ္ဗာန်ယာဉ်ကို မောင်းလာခဲ့တာ။ ဒီနေ့က
တက္ကစီကားကို စမောင်းတာ ပထမဆုံးနေ့ပဲ"လို့ ပြန်ပြောလိုက်ပါတယ်။
တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင် အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို့။ ပညာရေးဝန်ကြီးတစ်ဦးဟာ နယ်မြို့လေးက ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီး ညာဝန်ကြီး ဆိုရင် လက်အုပ် ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့ အတန်းတတန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှ ကမ္ဘာလုံးတလုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသား တယောက်ကို
"ဒီကမ္ဘာလုံးကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ" ဆိုပြီး မေးလိုက်ပါသတဲ့။
အမေး...ခံရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့ "ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး" ပြန်ဖြေလိုက်ပါတယ်။
ဝန်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီကျောင်းသားကလည်း ခေါင်းကလေးခါပြီး "ကျွန်တော်က ဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ။ကျနော်လုပ်လာ မဟုတ်ဘူး" လို့ပြန်ဖြေတယ်။
ဝန်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားက ကျောင်းဆရမ ဖက်လှည့်ပြီး "ဒါဘယ်လို ဖြစ်ရတာလဲဗျ" လို့မေးလိုက်တယ်။ ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ "ဒါ ကလေးတွေ လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲ စောင်းနေတာပါ" တဲ့
ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက် လှည့်ကြည့်လိုက်ပါတယ်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလို ရှင်းပြလိုက်ပါသတဲ့ဗျာ..
"၀န်ကြီးခင်ဗျာ၊ ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ ကျောင်းကရံပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ တိမ်းစောင်းနေတာပါ" တဲ့ဗျာ
အခန်း - ၁

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီး ဖြတ်တိုက် သွားသည်။

ဒါကိုမြင်သော

အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။

အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကို မကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင် သွားတာ။

လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံး နေရ ခက်နေတော့ မှာပါ။

လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်း ရှာတယ်။ ဟို စကားပုံ အတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ် လပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊ တစ် သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ်-တဲ့။
အင်း ..ကြက်ဖခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့ တူပါတယ်။င်္

အခန်း - ၂

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးလိုက်လာ သော ကြက်ဖကို ကားတိုက်သွား သည်။

အပျိုလေးအတွေး – အင်း- ကြက်မကို လိုက်ဖို့ ကြက်ဖတစ်ကောင် တော့

ထပ်ရှာရ ဦးမှာပဲ။

အပျိုကြီးအတွေး – ရှေ့မ ကြည့် နောက်မကြည့် လိုက်တာကိုး။
သေတာတောင် နည်းသေး။

လူပျိုလေးအတွေး – အချစ် အတွက် အသက်ကို ပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။

လူပျိုကြီးအတွေး – ဟီဟိ- ဟို ကြက်မတော့ ကြက်ဖမရှိရင် တစ် သက်လုံး နေရခက်ပြီ။

အခန်း - ၃

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်မိ မမိ ရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များမြန်နေလား။

ကံဆိုးစွာပင် ပြေးနေသောနှစ် ကောင်လုံးကို ကားဖြတ်တိုက်သွား သည်။

အပျိုလေးအတွေး – အစက တည်းက ကြက်ဖ မီအောင်လိုက်သင့် တယ်။

အပျိုကြီးအတွေး – ကြက်မ အပြစ်မဟုတ်ဘူး၊ ကြက်ဖအပြစ်။

လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန်လျှော့သင့် တယ်။

လူပျိုကြီးအတွေး – ဟီဟိ.. အေးရော၊ ဟင်းစားတော့ရပြီ။င်္

အခန်း - ၎

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။

ကြက်များခေါင်းထဲတွင် ထိုမျှ သာရှိသော်လည်း

လူတွေက မျိုးစုံ တွေး မျိုးစုံပြောနေကြလေသည်။

(အကြည်တော်)

အရက်မူးသမား သုံးယောက် တက္ကဆီလှမ်းတားပြီးတော့ ငှားပါတယ်။ အရက်အလွန် အကျွံမူးနေပြီး စကားတောင် လုံးရေပတ်ရေလည်အောင် မပြောနိုင်တော့ပါဘူး။
ဒါကို တက္ကဆီဒရိုင်ဘာက သိတော့ ကားစက်နိုးပြီး တစ်အောင့်လောက် အနေ မှာ ရပ်လိုက်တယ်။ ပြီးတော့ အေးဆေး စွာပဲ ရောက်ပြီလို့ ပြော လိုက်ပါတယ်။
ပထမ အရက်မူးသမားက ပိုက်ဆံပေးပြီး ဆင်းသွားပါတယ်။
ဒုတိယ တစ်ယောက်က ကျေးဇူးပဲလို့ ပြောသွားပါတယ်။
တတိယ တစ်ယောက်ကတော့ ဒရိုင်ဘာ ပခုံးကို ခပ်ကြမ်းကြမ်း ပုတ်လိုက်ပါတယ်။
ဒီတော့ ဒရိုင်ဘာဟာ သူလိမ်တာ သိသွားပြီလားလို့ ကြောက်ရွံ့ သွားပြီး ဘာလို့ ရိုက်တာလဲ မေးတော့ အရက်မူးသမားက အောက်ပါအတိုင်း ပြန်ဖြေ ပါတယ်။

"နောက်ခါ ခများမောင်းရင် အရှိန်နည်းနည်းလျော့။ ကျနော်တို့ သေကုန် လိမ့်မယ်"
ခင်ပွန်းသည် "အချစ်ရေ .. ကိုယ့်သူဌေးမက ကိုယ့်ကို သူ့နဲ့ တစ်ပတ်လောက် တရုတ်ပြည်လိုက်ပြီး
ငါးလိုက်မျှားဖို့ ခေါ်နေတယ်ကွာ။
"ရာထူးတက်ဖို့အတွက် ဒါဟာ အခွင့်ကောင်းတစ်ခုပဲကွ။ ဒါကြောင့် ကိုယ့်အတွက် တစ်ပတ်စာ
အ၀တ်အစားတွေ ပြင်ပေးပါလား။ ငါးမျှားဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သူ့သေတ္တာထဲ ထည့်
ပေးထားဦးနော်။
"ကိုယ်တို့ ရုံးကနေပဲ တန်းသွားကြမှာ။ ကိုယ့်အတွက် ပြင်ပေးထားတဲ့ပစ္စည်း တွေကို သွားရင်းနဲ့
ဝင်ယူမယ်။ ဪ .. ဒါနဲ့ မိန်းမရေ ..ကိုယ့်ရဲ့ အပြာရောင်ပိုးသားညအိပ်ဝတ်စုံအသစ်လေးလည်း
ထည့်ပေးလိုက်နော်"
ဇနီးသည်ဟာ သူ့ခင်ပွန်းသည် အမူအရာနဲ့ ပြောဆိုနေတာတွေကို သင်္ကာမကင်းဖြစ်ပေမယ့်
အိမ်ရှင်မကောင်းဖြစ်တာကြောင့် ယောက်ျားလုပ်သူပြောတဲ့အတိုင်း ပြင်ဆင်ပေးလိုက်ပါတယ်။
နောက်တစ်ပတ်အကြာမှာ အမျိုးသား အိမ်ပြန်ရောက်လာပါတယ်။
သူ့ပုံစံ က အနည်းငယ်ပင်ပန်းနေပုံပေါက်ပေမယ့် နုပျိုကြည့်ကောင်းနေပါတယ်။
အမျိုးသမီးဟာ ခရီးကပြန်လာတဲ့ ခင်ပွန်းသည်ကို ကြိုဆိုပြီး ငါးတွေအများကြီး ဖမ်းမိခဲ့လားလို့
မေးလိုက်ပါတယ်။
အမျိုးသားက
"ဖမ်းမိတာပေါ့ ... မိန်းမရဲ့။ ဆော်မွန်ငါးတွေဆို အများကြီးရတယ်။ ဓားရှည်နှုတ်သီး
ငါးတွေလည်း ရတယ်။ ဒါပေမဲ့ မင်း ..ငါ့ရဲ့ည၀တ် အင်္ကျီဘာဖြစ်လို့ ထည့်မပေးလိုက်တာ လဲကွ"လို့
ပြောလိုက်ပါတယ်။
အမျိုးသမီးက "ကျွန်မထည့်ပေးလိုက်ပါတယ်။ ငါးဖမ်းပစ္စည်းတွေထည့်တဲ့ သေတ္တာထဲမှာလေ"တဲ့။
Subscribe to RSS Feed Follow me on Twitter!