ချစ်စကြင်စ
၆ရက်အကြာ..... ငါ နင့်ကိုချစ်တယ်၊ ငါ နင့်ကိုချစ်တယ်။
၆လအကြာ....... အင်း ဟုတ်တယ်.. ချစ်ပါတယ်။
၆နှစ်အကြာ...... အော်.. နင့်ကို မချစ်ရင် ငါလက်ထပ်ခွင့်တောင်းပါ့မလား?

လက်ထပ်ပြီးစ

အလုပ်အပြန်
၆ရက်အကြာ..... အချစ်လေးရေ.. မောင်ပြန်လာပြီ
၆လအကြာ...... ပြန်လာပြီဟေ့
၆နှစ်အကြာ...... ငါပြန်လာပြီကွ.. ထမင်းကျက်ပြီလား?

ဧည့်ခန်းတွင်
၆ရက်အကြာ...... ချစ်မိန်းမရေ.. ချစ်မိန်းမနဲ့ ပြောချင်လို့တဲ့
၆လအကြာ........ ရော့ မင်းဖုန်း!
၆နှစ်အကြာ........ ရော်.. ဖုန်းကိုင်လိုက်လေ

မီးဖိုထဲတွင်
၆ရက်အကြာ...... ဝါး.. အစားအစာတွေ ဒီလောက်အရသာရှိမှန်း ခုမှပဲသိတော့တယ်
၆လအကြာ........ ဒီည ဘာစားမလဲ?
၆နှစ်အကြာ...... လာပြန်ပြီ.. ဒီဟင်း!

ရှော့ပင်းပြန်ချိန်
၆ရက်အကြာ..... ဟာ... ဒီအင်္ကျီဆို ချစ်လေးက နတ်သမီးလေးအတိုင်းပဲ
၆လအကြာ...... ရှော့ပင်းထွက်ပြန်ပြီလား?
၆နှစ်အကြာ.....သေနာမ ပိုက်ဆံတွေ ဘယ်လောက်ဖြုန်းခဲ့ပြန်ပြီလဲ?

တီဗွီရှေ့တွင်
၆ရက်အကြာ...... ချစ်လေး.. ဒီညမောင်တို့ ဘာအစီအစဉ်ကြည့်မလဲ?
၆လအကြာ........ ဒီကားကြည့်မယ်.. ဒီကားကြိုက်တယ်။
၆နှစ်အကြာ....... ဒီကားကြည့်မယ်။ မင်း မကြည့်ချင်ရင် သွားအိပ်တော့..
ကိုယ့်ဘာသာ ကိုယ်ကြည့်မယ်။
ထာင်မှူးသည် အကျဉ်းသားကို တောင်းပန်နေ၏။
“ငါ မင်းကို တောင်းပန်ပါတယ်ကွာ၊ မင်းကို လွှတ်ရမယ့်ရက်ထက်
တစ်လပိုပြီး ချုပ်ထားမိသလို ဖြစ်သွားတယ်”
…အကျဉ်းသားကလည်း ပြုံးရွှင်စွာဖြင့်…
“ရပါတယ် ထောင်မှူးကြီးရယ်၊  ကျွန်တော် နောက်တစ်ခါ
ထောင်ထဲ ရောက်လာရင် တစ်လပြန်နှုတ်လိုက်ပေါ့” ဟု ဆို၏
လူတစ်ယောက်သည် မျက်စိ အထူးကုဆေးခန်းသို့ သွားကာ
သူ့မျက်စိကို အစစ်ဆေးခံ၏။ မျက်စိဆရာဝန်က ထိုလူကို ထိုင်ခိုင်းပြီး
မျက်စိမြင်နိုင်အားကို စမ်းသပ်သည့် ကဒ်ပြားလေးကို ထောင်ပြ၏။
“ဒီကဒ်ပြားပေါ်က စာတွေကို ဖတ်လို့ရလား” ဟု ဆရာဝန်က မေးသည်။
“မရဘူး ဆရာ” ဟု ထိုလူက ဖြေ၏။
ဆရာဝန်က ရှေ့ကိုတိုးပြီး…
“ အခုဖတ်လို့ ရပြီလား” ဟု ဆို၏။
“မရဘူး ဆရာ”
ဆရာဝန်က ကဒ်ပြားကို ထိုလူနှင့် အနီးဆုံးနေရာသို့ ယူလာပြီး…
“ဒီလောက် နီးနေရင်တော့ ဒီစာတွေကို ခင်ဗျားကောင်းကောင်း ဖတ်လို့ရမှာ သေချာတယ်” ဟုဆို၏။
ထိုလူက… “မရဘူး ဆရာ၊ ကျွန်တော်က စာမှ မတတ်တာ” ဟု ဆိုလေ၏။
“အသုံးမကျလိုက်တဲ့ သမီး၊  ညဉ်းဟိုကောင်လေးကို လက်မထပ်ရဘူး၊
သူ့ဝင်ငွေက တစ်လ ဒေါ်လာ တစ်ရာ လောက်ပဲရတာ၊
နင်တို့ ဘယ်လို စားကြသောက်ကြမှာလဲ”
“အို…ဒါပေမယ့် ဖေဖေရယ်…တစ်ယောက်နဲ့တစ်ယောက်
ချစ်မိကြတဲ့အခါ တစ်လဆိုတဲ့ အချိန်လေးဟာ ခဏနဲ့ ကုန်သွားတာပါပဲ”
တစ်ခါက အိမ်တစ်အိမ်တွင် အိမ်ဖော်အသစ်ခေါ်သဖြင့် သူတို့ အိမ်၏ စည်းကမ်းများ အကျင့်များကိုပြောပြနေ၏

အိမ်ရှင်။ ။ ငါတို့ အိမ်က လူတွေက စောစောထတတ်တယ် ပြီးရင် မနက်စာကို ထမင်းကြော်စားလေ့ရှိတယ်
ဒါကြောင့် မနက်ကို စောစောထနိုင်အောင် ကြိုးစားပါ ..


အိမ်ဖော် ။ ။ ဟုတ်ကဲ့ပါ ဒါနဲ့ တကယ်လို့ ကျွန်မ မနိုးရင်လည်း ကျွန်မကို စောင့်မနေပါနဲ့ စားနှင့်လိုက်ပါ နော်
အားမနာပါနဲ့ ..

အဲ့ဒါတွေခက်တာ..အရေးကြီးပါတယ်ဆို ..:D

Subscribe to RSS Feed Follow me on Twitter!