လူအတော်အသင့်ရှိတဲ့ အရက်ဘားတစ်ခုထဲကို မိန်းကလေးတစ်ယောက်ဝင်လာတယ်။ ဘီယာတစ်ခွက်မှာပြီး တစ်ယောက်ထဲထိုင်သောက်နေတယ်။ ခဏနေတော့ ကောင်လေးတစ်ယောက်လာပြီး မိတ်ဆက်ပါလေရော။ "နေကောင်းလား.. မင်းနာမည်ဘယ်လိုခေါ်လဲ"
... ဒါနဲ့ကောင်မလေးလဲ ကောင်လေးရဲ့အမေးကို ချက်ချင်းဖြေပေးလိုက်တယ်
"ရှင် ကျမကို ဘယ်လိုအတန်းအစားထဲက ထင်လို့လဲ... ဘာကိစ္စ ရှင်နဲ့ဟိုတယ်လိုက်အိပ်ရမှာလဲ"
ဆိုပြီး တော်ရုံကျယ်တဲ့အသံနဲ့ အော်ပြောလိုက်လေရဲ့။ ဘားတစ်ခုလုံးရဲ့အကြည့်တွေဟာ ရဲနေတဲ့မျက်နာနဲ့ ကောင်လေးဆီမှာပေါ့။ ဘာမှမပြောသာတဲ့ကောင်လေးလဲ ကိုယ့်နေရာကိုယ်ပြန်ပြီး ထိုင်နေလေရဲ့။ ခဏလဲနေရော ခုနှကကောင်မလေးဟာ ကောင်လေးဆီကို ပြန်လာပြီး ဒီလိုပြောပြတယ်။
"ဒီမယ်.. ရှင်စိတ်ဆိုးသွားလား.. တကယ်တော့ ကျမက စိတ်ပညာနောက်ဆုံးနှစ်ကျောင်းသူပါ.. ယောင်္ကျားလေး တွေရဲ့ ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့စိတ်နဲ့ အမူအယာတွေကို လေ့လာချင်လို့ ဒီလိုလုပ်လိုက်တာပါ"
ဆိုတဲ့စကား ဆုံးဆုံချင်းပဲ ကောင်လေးပြန်ပြောလိုက်ပုံက ....
"ဘာ!!!! ဒေါ်လာ ၅၀၀.. ဟုတ်လား??"
နင်အဲလောက်ဈေးကြီးမှန်း ငါဘာကြောင့်မခန့်မှန်းမိတာပါလိမ့်"
လို့အော်ပြီးပြောလိုက်လေရဲ့



ဆေး တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတို့၏ လူတွေ့ စစ်ဆေး စာမေးပွဲကို ပြုလုပ်နေသည်။ ပါမောက္ခက ကျောင်းသားတစ်ယောက်ကိုမေးသည်။

“ဒီဆေးကို ဘယ်လို အချိုးအစားနဲ့ လူနာကို သောက်ခိုင်းမလဲ”

“ဟင်းခပ်ဇွန်း တစ်ဇွန်းစာ သောက်ပါလို့ ပြောပါမယ် ”

“ကောင်းပြီ ၊ မောင်ရင် သွားနိုင်ပါပြီ ”

အခန်းပြင်သို့ ကျောင်းသား ထွက်လာသည်၊ လှေခါး အဆင်းတွင် မိမိ မှားသွားပြီကို ရုတ်ချည်းသတိရသည်၊ သို့နှင့် စာမေးပွဲ အခန်းထဲ ပြန်ဝင်ကာ ပါမောက္ခကို ပြောသည်။

“ ဆရာ ကျွန်တော် မှားသွားပါတယ် ၊ ဇွန်းတစ်ဇွန်း မဟုတ်ပါဘူး၊ ငါးစက်ပဲ သောက်ရမှာပါ ”

“ ၀မ်းနည်းပါတယ် တပည့် ၊ တပည့်ရဲ့ လူနာ သေသွားပြီကွယ့် ”


“ကလေးမရယ် အသံလည်းမကောင်းဘဲနဲ့ ဘာလို့ သီချင်းအော်ဆိုရတာလဲကွဲ့”

“သမီးက မဆိုချင်ပါဘူး။ ဒါပေမယ့် မေမေက ဧည့်သည်တွေ နှင်ချင်တဲ့အခါမှာ အခုလို
အော်ဆိုခိုင်းလို့ပါ”


Subscribe to RSS Feed Follow me on Twitter!