တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။
ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင်သောကြောင့်
ကုန်သည်မှာ အလွန်မြတ်နိုးခဲ့သည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားသော
ဒုတိယကုန်သည် တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျခဲ့သည်။
တစ်နေ့တွင် သူသည် မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လှဲလှယ်ရန်
... စကားကမ်းလှမ်းခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ဤမြင်းအား ရှိသမျှ
စည်းစိမ်နှင့် လှဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည်
မိမိဘ၀အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိအသက်ရှင်နေသရွေ့ မြင်းအား
ဘယ်အရာနှင့်မျှ မလှဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က
မြင်းအား အလွန်နှစ်သက်မိသဖြင့် မြင်းအား ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး
အကြံထုတ် လေတော့သည်။

တစ်နေ့တွင် သူသည် အ၀တ်အစား အစုတ်အပြတ်ကို ၀တ်ဆင်လျှက်
မြင်းပိုင်ရှင်လာရာလမ်း တစ်နေရာတွင် ဖျားနာချင် ဟန်ဆောင်ပြီး လဲလျောင်း
နေခဲ့သည်။ မြင်းပိုင်ရှင်က တွေ့သောအခါ မြင်းပေါ်မှ အလျှင်အမြန်ဆင်းပြီး
ဖျားနေသော သူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့်
သူသည် လူကောင်း ပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား " ဒီမြင်းကို
ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့
ပစ္စည်းတွေနဲ့ လှဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ်
ရောက်နေပြီ... ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ" ဟု ပြောလေသည်။
မြင်းပိုင်ရှင်က " ကောင်းပြီလေ... မြင်းကို ခင်ဗျားပိုင်သွားပါပြီ...
ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။
ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ"
" မြင်းကို ကျွန်တော်ပိုင်ပြီပဲ... တစ်ခွန်းမကဘူး..ခင်ဗျားကြိုက်သေ
လာက်
ပြောလို့ရတယ်"
" တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျားဘယ်လို ရခဲ့သလဲလို့ မေးလာရင်
အဖြစ်မှန်ကို မပြောပါနဲ့..ဒီစကားကို မှတ်ထားပေးပါ"
"ဘာလို့လဲ..."
"ဒီမြင်းကို ဘယ်လိုရခဲ့တယ် ဆိုတဲ့အကြောင်း အမှန်ကို ခင်ဗျားပြောခဲ့ရင်
နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့ လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူက
ကယ်ရဲတော့မလဲဗျာ"
မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ
ဆွံအသွားခဲ့သည်။ ထို့နောက် ရှက်ရွံ့ အားနာပြီး မြင်းပေါ်မှ
ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။
"ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့
ရိုးသားမှုကို ပုံပျက်အောင် လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေ
ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ... ကျွန်တော့်ကို
ခွင့်လွတ်ပါဗျာ"
တိုက်နယ်ဆေးရုံကလေးသို့လှည်းတစ်စီးနှင့် တင်လာသော လူနာတစ်ဦး ရောက်လာသည်။ လူနာမှာ အမျိုးသမီး လူနာဖြစ်သည်။ အသက်အရွယ် ငယ်ငယ်ဖြစ်သည်။နုနယ်ပျိုမြစ်သောအရွယ်မိန်းကလေး လူနာမှာတော၏ သမီးပီပီ နွားစာစဉ်းရင် ၀ဲဘက်လက်မှာဓားစက်ထိသွား၏သွေးများအထွက်လွန်ကာ သတိပင်မရတစ်ချက်၊ ရတစ်ချက် ဖြစ်နေခဲ့သည်။အတော်ခေါင်သော ရွာမှဤတိုက်နယ်ဆေးရုံထိ လာပို့ခြင်း ဖြစ်သည်။ လှည်းမောင်းသူ၊ အကူအညီ အမျိုးသားအပြင် လူနာ၏ မိခင် အဘွားကြီး ငိုကြီး ချက်မနှင့် လိုက်ပါလာ၏။တာဝန်ရှိ ဆရာဝန်၊ သူနာပြုများ လုပ်ငန်းစဉ်အရ စမ်းသပ်ပြီးနောက် ဆရာဝန်ကလူနာ၏သွေးအမျိုး အစားကိုစစ်ပြီး လူနာကို “အိုသွေး” သွင်းရမယ်ဟု ပြောသော အခါ၊ ရိုးသားလှသော လူနာရှင် မိခင်ကြီးက

“ကျွန်မသမီး နုနုထွတ်ထွတ်လေးကို အိုသွေးတော့ မသွင်းပေးပါနဲ့ ဆရာဝန်ကြီးရယ်။ အပျိုလေးမို့ အပျိုသွေးပဲ သွေးပါနော်” တဲ့။
ကုမ္မဏီပိုင်ရှင် သူဌေးတစ်ဦးက သူ့စက်ရုံကို ဝင်ရောက်လေ့လာပါတယ်။ လူတစ်ဦးဟာ အလုပ်မလုပ်ပဲ နံရံမှီနေတာတွေ့တော့ သူဌေးဟာ အင်မတန် စိတ်ဆိုးပြီး သူ့ကို ယခုလို စကားအေးအေးဆေးဆေးပဲ ပြောပါတယ်။


သူဌေး
- ဒီမယ် မောင်ရင်၊ မင်းရဲ့  တစ်လ ဝင်ငွေ ဘယ်လောက်ရှိလဲ.

လူငယ် - ဒေါ်လာ ၂ထောင်ပါ ခမျာ.


သူဌေး - ရော့ဒီမှာ မင်းအတွက် ဒေါ်လာ ၆ ထောင်၊ သုံးလ အတွက် လောက် တယ်မလား၊ နောက်ခါ ဒီစက်ရုံနဲ့ ငါ့မျက်စိရှေ့ မှာ ဘယ်တော့မှ မမြင်ရစေနဲ့၊ သွားတော့

လူငယ် - ဟုတ်ကဲ့ပါ ဆရာ .

ဒီလိုနဲ သူဌေးက အလုပ်လုပ်နေတဲ့ အခြားအလုပ်သမား တစ်ဦးကို ထွက်သွားတဲ့ လူငယ်အကြောင်းကို မေးတော့ ဒီလိုဖြေပါတယ်။

" သူက ပီဇာပို့သမားပါစရာ။ ဒီစက်ရုံက မဟုတ်ပါဘူး "
သူဌေး - အီးးး 

မစ္စတာ ဖရဒ်  ဆေးရုံတင်ထားရတာ အခြေအနေ မကောင်းတော့တာနဲ့ သူ့မိသားစုက တရားဟောဆရာကို ခေါ်လိုက်တယ်။

တရားဟောဆရာ ရောက်လာပြီး လူမမာရဲ့ကုတင်ဘေးမှာ ရပ်ခါရှိသေး...လူမမာ ခမြာ အမောဖောက်လို့ လာပါတော့တယ်။

ပြီးတော့ လက်ဟန်ခြေဟန်နဲ့ စာရေးချင်တဲ့ပုံစံမျိုး လုပ်ပြတယ်။

တရားဟောဆရာက စာရွက်လေးတစ်ရွက်နဲ့ ဘောလ်ပင်ပေးလိုက်တယ်။

လူမမာက သူ့မှာရှိသမျှ နောက်ဆုံးခွန်အားကိုသုံးပြီး စာရွက်ပေါ်မှာ တစ်ခုခုကိုရေးရင်း အသက် ထွက်သွားရှာတော့တယ်။

နောက်ရက် ဈာပနအခမ်းအနားကျင်းပတော့မှ တရားဟောဆရာက စာရွက်ခေါက်လေးကို ထုတ်လိုက်ရင်း ပြောတယ်
.
"အားလုံးသိကြတဲ့အတိုင်း ဖရဒ်က သူသေခါနီးမှာ စာတိုလေး ရေးပြီး မှာသွားရှာတယ်၊
ကျနော်လဲ ခုထိ မဖတ်ရသေးဘူး၊
ဒါပေမဲ့ ကျနော်ထင်ပါတယ်၊ လူကောင်းတယောက်ဖြစ်တဲ့ ဖရဒ်က သူသေခါနီး ကျနော်တို့ အားလုံးကို စိတ်ချမ်းချမ်းသာသာနေကြဖို့ မှာသွားတာဖြစ်မှာပါ၊
ကဲ.. အားလုံးကြားရအောင် ကျနော်ဖတ်ပြမယ်.."

...ဆိုပြီး တရားဟောဆရာ ဖတ်ပြလိုက်တာကတော့... ... ...

""ခွေးမသား... အောက်ဆီဂျင်ပိုက်ကို တက်နင်းထားတယ်...မြန်မြန်ဖယ်...""… တဲ့။
ခင်ပွန်းဖြစ်သူဟာ  ညနေခင်းတစ်ခုမှာ မိန်းမဖြစ်သူထံ ဖုန်းမက်ဆေ့ခ်ျ တစ်စောင်ပို့လိုက်ပါတယ်။"အချစ်ရေ ..ကိုယ်တော့ဒီညအိမ်ပြန်နောက်ကျမယ်။ဒါကြောင့်မို့ကိုယ့်ဝတ်ထားပြီးသားရုံးအင်္ကျီတွေကို လျှော်ပေးထားနော်။ ကိုယ်ပြန်လာရင်စားဖို့အတွက်လည်းကိုယ်ကြိုက်တဲ့ဟင်းလည်းချက်ထားပေးပါကွာ"လို့စာထဲမှာ ရေးမှာထားပါတယ်။
ဒီလိုနဲ့ပထမစာပို့ပြီးခဏအကြာမှာအမျိုးသားဟာ နောက်စာတစ်စောင်ထပ်ပို့လိုက်ပြန်ပါတယ်။အဲဒီစာထဲမှာ တော့ "စောစောက ပြောစရာတစ်ခုကိုယ်မေ့သွားတယ်..အချစ်ရေ။ဒီလကုန်ရင်ကိုယ်လစာတိုးမယ်သိလား။ဒါကြောင့် မင်းကို ကားတစ်စီးဝယ်ပေး မယ်နော်"လို့ရေးထားပါတယ်။ဒီတစ်ကြိမ်မှာတော့ အမျိုးသားဟာ
"ဘုရားရေ.. ယောက်ျားရှင်တကယ် ပြောတာလား"လို့ရေးထားတဲ့ပြန်စာကိုချက်ချင်းဆိုသလိုရရှိတာကြောင့် စာပြန်လိုက်တာက "တကယ်ပြောတာ မဟုတ်ဘူး မိန်းမရေ .. ပထမစာ မင်းဖတ်ပြီးပြီလား၊မဖတ်ရသေးဘူး လားဆိုတာသိချင်လို့ တမင်ပို့လိုက် တာ"တဲ့။
သူဌေး -  "မင်းသုံးနေတဲ့ကွန်ပြူတာက ကုမ္ပဏီက ကွန်ပြူတာပါ။ ဒီကွန်ပြူတာမှာ မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမဓာတ်ပုံ၊ မင်းကလေးဓာတ်ပုံတွေကိုလည်း မသိမ်းထားပါနဲ့။ ဒီဓာတ်ပုံတွေကြည့်ပြီး မင်းကောင်းကောင်း အလုပ်မလုပ်ဘူး"

ဝန်ထမ်း - "ဒီလိုဆိုရင် ကျွန်တော့်အိမ်ကကွန်ပြူတာနဲ့ ခင်ဗျားအလုပ်တွေကို မလုပ်ခိုင်းနဲ့။ မီတာအတက်တော့ ကျွန်တော်မခံဘူး။ ရုံးချိန်မဟုတ်တဲ့အချိန်မှာ ကျွန်တော်လက်ထိပ်တွေ ပိုလို့တောင် အပွန်းမခံနိုင်ဘူး"

သူဌေး -  "ရုံးချိန်အတွင်း မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ- လက်သည်းညှပ်တာတို့၊
ဆံပင်ဖြီးတာတို့... "

ဝန်ထမ်း - "ကျွန်တော်လည်း ခင်ဗျားကိုပြောချင်တယ်။ ရုံးချိန်အတွင်း ကျွန်တော်ဖြီးလိုက်တဲ့ဆံပင်၊ ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော်ရုံးတက်နေတုန်း ရှည်ထွက်လာတဲ့အရာတွေပါ"

သူဌေး - "ရုံးချိန်အတွင်း ရုံးဖုန်းကိုသုံးပြီး ကိုယ်ရေးကိုယ်တာ မပြောပါနဲ့"

ဝန်ထမ်း - "ဒီလိုဆိုရင် ကျွန်တော်အိမ်မှာ အနားယူနေတုန်း ခင်ဗျားဆက်လာတဲ့ဖုန်းကိုလည်း ကျွန်တော်မကိုင်ဘူး"

သူဌေး - "ကုမ္ပဏီက သုံးဖို့ပေးတဲ့ကားက ကုမ္ပဏီကိစ္စအတွက်သုံးဖို့ပဲ။ မင်းလျှောက်စီး၊ လျှောက်မောင်းဖို့မဟုတ်ဘူး"


ဝန်ထမ်း - "ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ်တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာနင်းတဲ့အခါ ကျွန်တော့်ကိုယ်ပိုင်ဖိနပ်ပွန်းသွားမှာ စိုးလို့ပါ..."

Subscribe to RSS Feed Follow me on Twitter!