တနေ့သော ညနေခင်းတွင် ချစ်သူနှစ်ယောက်ဆုံတွေ့အခိုက် ....
မိန်းကလေးဖြစ်သူက ပြောလေသည်
ကိုရယ် ဘာလို့ အရက်သောက်ရတာလဲ .... စိတ်ညစ်စရာတွေရှိရင် ပြော ပြပေါ့ ...
ချစ်သူတွေဆိုတာ အပေးအယူ မျှရတယ် အပြန်အလှန်နားလည်ရတယ်လေ ..
မပြောဘဲကြိတ်နေရင် ကိုပဲ ခံစားရမှာပေါ့ ......နောက်မသောက်ပါနဲ့နော် ...
ထိုအခါ
ကောင်လေးက
ချစ်သူရယ် ကိုအရက်ကိုသောက်ချင်လို့သောက်ရတာ မဟုတ်ပါဘူးကွာ .......
ကိုတို့မှ မသောက်ရင် ဒီအရက်တွေ ကုန်မှာမဟုတ်ဘူးလေ ....
နောက်အနာဂါတ် လူငယ်တွေ သောက်မိမှာပေါ့ ... သူတို့မသောက်ဖြစ်အောင် ကိုတို့တွေ အရင်သောက်ပေးနေတာပါ ...
မင်းလည်းကို့ကို နားလည်ပေးပါနော် .....အနာဂတ်လူငယ်တွေအတွက်ပါ
" အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ "
" ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း မေ့မနေနဲ့ဦးနော် "
" စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ "


ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ


အများသုံးအိမ်သာအတွင်းမှ မကျေနပ်သံတခု ထွက်ပေါ်လာ၏။
" တောက်......အများသုံးအိမ်သာဆိုပ
ီး တော့ ရေလဲ မရှိဖူး။ .....ဒုက္ခပဲ စက္ကူ ကလဲပါမလာဖူး။ " ဟူ၍ ဖြစ်၏။
ထိုသူ၏ စိတ်ထဲတွင်လည်း......
ရှိတဲ့ ပိုက်ဆံ တွေက လည်း အရွက်ကြီးတွေချည်းပဲ။
ဘယ်နဲ့ လုပ်ရပါ့။ထို့နောက် ...ဖြတ်ကနဲ ..အကြံတခုပေါ်လာ၏။သို့နှင့်
" ဟိုဘက်ခန်းက အစ်ကိုကြီး...ခင်ဗျားမှာ စက္ကူ အပိုမပါဖူးလား။ပါရင် အပေါ်ကလှမ်းပေးပါဗျာ။..." ဟုကပ်လျက်အိမ်သာခန်းသို့ဆိုလေ၏။
တဘက်မှ ပြန်ပြောလိုက်တာက....." .ရှင်အိမ်သာမှားနေပီ....ဒါမိန်းမအိမ်သာမဟုတ်ဖူးလား....."
" ဗျာ .....မိန်းမအိမ်သာ။ ဟုတ်လား။သူတို့ က စာရေးမထားဖူး ။ ပုံပဲ ဆွဲထားတာ။ ခင်ဗျားမှားတာလား။ ကျနော်မှားတာလား။"
တဘက်မှ ....အံသြသံဖြင့်....
" ရှင်.....ယောက်ကျားအိမ်သာလား။ ကျမ ပုံကိုကြည့်တော့ ဂါဝန်ပုံ ထင်တာပဲ ရှင့် "ဟု ဆို၏။
" ကျနော်လဲသေချာကြည့်တာပဲဗျ။ အဲ...ဘောင်းဘီပုံ ဆိုပီး ၀င်လာတာပဲ။
..ကဲပါဗျာ.....ဘာပဲဖြစ်ဖြစ်ဗျာ။ ရောက်နေမှတော့ မထူးတော့ပါဖူး။
ဒါနဲ့ စက္ကူ အပိုပါရင် အပေါ်ကလှမ်းပါဦးဗျာ။ "
ထိုအခါ တဘက်ခန်းအိမ်သာမှ ပြန်ပြောလိုက်တာက....
" စက္ကူတော့ မပါဖူးရှင့် ။ဘောပင်တော့ပါတယ်။ ယူမလား ".......တဲ့
ရထားတစ်စီးပေါ်တွင် ခရီးသည်တယောက်သည် လက်မှတ်စစ်မှ လာစစ်ရာ.....
သူ့လက်မှတ်ကိုဘောင်းဘီအိပ် ထဲရှာလိုက်.....အင်းကျီအိပ်ထဲရှာလိုက်.....ပိုက်ဆံအိတ် ထဲ ရှာလိုက်နှင့် ပျာယာခပ်လျက်ရှိသည်။
အမှန်မှာ ထိုလူသည် လက်မှတ်အား ပါးစပ်တွင်ကိုက်ကာ လိုက်ရှာနေသဖြင့် ကျန်ခရီးသည်များက သူ့ကိုကြည့်ပီး ရီ စရာဖြစ်နေကြ၏။
ထိုအခါ လက်မှတ်စစ်သည်ပြုံးလျက် သူ့ ပါးစပ်ထဲမှ လက်မှတ်ကို ဆွဲယူကာ ရေးမှတ်ပီး ပြန်ပေးလိုက်၏။
လက်မှတ်စစ်ထွက်သွားသောအခါ သူနှင့်အတူပါလာသော သူငယ်ချင်းက ထိုသို့ပြောလိုက်သည်။
" မင်းကွာ။တကယ်ကြောင်တဲ့ကောင်ပဲ။ လက်မှတ်ကို ပါးစပ်ထဲကိုက်ပီး လိုက်ရှာနေရတယ်လို့......"
ထိုအခါ ထိုသူ ပြန်ပြောလိုက်သည်မှာ........
" ဘာကွ။ ကြောင်တာမဟုတ်ဖူး။ငါက လက်မှတ်ပေါ်က ရက်စွဲ ကို ကြိတ်ပီး ၀ါးနေတာ......"....တဲ့
Subscribe to RSS Feed Follow me on Twitter!