စိတ္တဇဆေးရုံ၌ အခြေအနေကောင်းလာပြီဖြစ်သော စိတ်ဝေဒနာရှင်သုံးဦးအား ဆေးရုံမှဆင်းခွင့်ပေးနိုင်ရန်အတွက်
ဆရာဝန်ကြီးသည် ၄င်းတို့သုံးယောက်အား မေးခွန်းတစ်ခုစီမေးလေသည်။

ဆရာဝန်။ ။ နှစ်နဲ့နှစ် ပေါင်းရင်ဘယ်လောက်ရလဲကွ။

ပထမလူနာ။ ။ ၂၅၆ ရပါတယ် ဆရာကြီး

ဒုတိယလူနာ။ ။ ကြာသပတေးနေ့ ပါဆရာကြီး

ဆရာဝန်ကြီးမှာ လွန်စွာစိတ်ပျက်သွားပြီး တတိယလူနာအား

ဆရာဝန် ။ ။ကဲ မင်းကကော ဘယ်လောက်ရမယ်ထင်လဲ

တတိယလူနာ။ ။ လေး ပါ ဆရာကြီး

ဆရာဝန်ကြီး မှာ ချက်ချင်းဝမ်းသာသွားပြီး

ဆရာဝန်။ ။ကဲ ဘယ်လိုရလဲ ရှင်းပြပါဦး

တတိယလူနာ။ ။ အိုးဒါများ လွယ်လွယ်လေး ၂၅၆ ထဲကနေ ကြာသပတေးနေ့ကို နှုတ်လိုက်တာပေါ့ ဆရာကြီးရဲ့
Subscribe to RSS Feed Follow me on Twitter!