တစ်ခါကရွာသားအဘကြီးတစ်ယောက်ရန်ကုန်တတ်လာတယ်
သူကလမ်းပေါမှာလမ်းလျောက်ရင် ရန်ကုန်သူကောင်မလေးကိုမြင်တယ်လေ
အဲကောင်မလေးဝတ်ထားတာက ထမီစကပ်ပေါ့ တ၀က်ကပြဲလို့လေ
ဒါနဲအဘကြီးကလဲသူကိုခေါလာတဲ့သူရွာသား ကိုပြောသတဲ့
မင်းမလို့ရန်ကုန်နေတယ်ကွာတဲ့မင်းတို့ရန်ကုန်ကလဲ
မွဲလိုက်တာကမ်းကုန်ရောတဲ့ ထမီတောင် အဆုံးထိမချူပ်ျနိုင်ဘူးတဲ့
10:13 PM
ရွာတစ်ရွာတွင်မောင်မဲဆိုသော လူတစ်ယောက်ရှိသည်။ သူသည်
အမည်နှင့်လိုက်အောင် အလွန်အသားမဲ လှ ပါသည်။တစ်နေ့မောင်မဲရေချိုးနေစဉ်
ကျီးကန်းတစ်ကောင်မှ ဆပ်ပြာတုံးအား အစာဟုထင်ကာ ချီသွားပါတော့သည်။
ထိုအခါမောင်မဲ၏အမေက မောင်မဲအား
“ဟဲ့.........မောင်မဲနင့်ဆပ်ပြာကျီးကန်းချီသွားပြီ”
ထိုအခါမောင်မဲဖြေလိုက်ပုံမှာ
“ချီပါစေအမေရာ သူကသားထက်အသားမဲလို့နေမှာပေါ့...ချီပါစေဗျာ”တဲ့။
10:12 PM
အမက မူလွန်ကျောင်းက မူကြိုဆရာမလေး တစ်ယောက်ပေါ့ သူက အားလတ်ချိန်တိုင်း ကျောင်းသားတွေကို ပန်းချီဆွဲ
ခိုင်းလေ့ရှိတာပေါ့ တစ်နေ့တော့ ၀ှိက်ဘုစ် မှာ အသဲပုံလေး ဆွဲပြပြီး ကျောင်းသားတွေကို တူအောင်လိုက်ဆွဲခိုင်းတယ်
ဒီတော့ကျောင်းသားတွေကလဲ ကိုယ်စွမ်းသလောက် လက်စွမ်းပြလိုက်ကြတာ ကျောင်းသားတစ်ယောက်ကသူများထက်
ထုးပြီး အသဲမှာခြေထောက်တတ်ပေးလိုက်တယ် ဒီတော့ဆရာမ က ဘယ်သူက ပန်းချီဆွဲပိုတော်သလဲ ပြီးတာနဲ့ တစ်
အုပ်ခြင်း စစ်ကြည့်တာပေါ့ ခြေထောက်တတ်ထားတဲ့ အသဲပုံကိုတွေ့တော့ ဆရာ မက သူခိုင်းတဲ့ အတိုင်းမဆွဲလို့
ဆရာမ ကဒေါသထွက်တော့တာပေါ့ ဟိုက် ....ဒီ ခြေထောက်တတ်ထားတဲ့ အသဲပုံက ဘယ်သူဆွဲတာလဲ လာစမ်း
ကျောင်းသားလေးကလဲ ကြောက်ကြောက်နှင့် ဆရာမေ၇ှ့ကိုရောက်လာတယ် ဆရာမက စိတ်တိုတိုနဲ့ မေးလိုက်တယ်
အသဲ မှာခြေထောက်ပါတယ်လို့ နင့်ဘယ်ကကြားလို့လဲ ကျောင်းသားလေးကလဲ ကြောက်ကြောက်နဲ့ထပြောတယ်
ကို့ကို့အခန်းထဲက ကြားခဲ့လို့ပါ... ဟင်းနင့်ဟာ အထူးဆန်းကြီးပါကလား ဘယ်လိုကြားတာလဲ ပြောပြစမ်း ဆရာမက
ထပ်မေးတော့ အသဲလေး ခြေထောက်ကားထား ခြေထောက်ကားထားလို့ ကြားခဲ့လို့ပါဆရာမ

10:08 PM
တစ်ခါက
မြို့လေးတစ်မြို့တွင်အထည်ဆိုင်ဖွင့်ကာအထည်ရောင်းချသောအမျိုးသမီးတစ်ဦးရှိလေသည်။တစ်နေ့
ယောက်ကျားတစ်ယောက်က
ဆိုင်ရှေ့လာရပ်ပြီးလုံချည်တစ်ထည်ကိုကောက်ယူရင်း"ဒီလုံချည်ကဘယ်လောက်ရှိသလဲခင်ဗျ"လို့မေးလိုက်တယ်။သည်တော့
ဆိုင်ရှင်အမျိုးသမီးက"အကိုကြီးကိုဈေးစကားပြောရမှာအားနာလှပါတယ်ရှင်၊အကိုကြီးဘာသာအကိုကြီးပဲ
ပေးနိုင်တဲ့ဈေးကိုပြောပါ။ ရောင်းနိုင်တဲ့အနေအထား ရှိရင်လည်း
ရောင်းလိုက်ပါ့မယ်ရှင်" လို့ပြောလိုက်သတဲ့။ အဲသည်မှာ ဈေးဝယ်ယောက်ကျားက
"သည်းခံပါ ငါ့ညီမရယ် အကိုကလဲ အားနာတတ်လွန်းလို့ တခါကဆိုရင်
ငွေငါးသောင်းတောင်ဆုံးဖူးပါတယ်၊ ဒါကြောင့်ငါ့နှမပဲဈေးပြောပါကွယ်"
လို့ပြောတဲ့အခါ ဆိုင်ရှင်အမျိုးသမီးကလဲ "အကိုကြီးက အားနာလို့ဆုံးရှုံးခဲ့ရတာ
ငွေလေးငါးသောင်းထဲပါ၊ ညီမအားနာ တတ်တာလောက်တော့ မဆိုးသေးဘူးထင်ပါတယ်"
လို့ပြောတော့ ဈေးဝယ်သူက"ဘယ်လိုမဆိုးတာတုန်း ပြောစမ်းပါဦး" လို့
မေးတဲ့အခါဆိုင်ပိုင်ရှင်မိန်းမက"ကျွန်မအားနာတာက ဟောဟိုမှာဆော့နေတဲ့
ကလေးတွေတွေ့ရဲ့မဟုတ်လား" "တွေ့ ပါ့ဗျာ၊ ငါးယောက်တောင်"
"ဟုတ်တယ်၊အဲ့သည်ကလေးငါးယောက်လုံးအဖေခေါ်စရမရှိဘူး အကိုကြီးရဲ့" တဲ့။
10:05 PM
စိတ်မနှံ့သူများကို တင်ဆောင်လာသော လေယာဉ်ပျံတစ်စင်းသည် ပျံသန်းရင်းသွက်သွက်ခါနေသည်။လေယာဉ်မှူးမှ
လေယာဉ်ပျက်ကျမည်ကို စိုးရိမ်သဖြင့် စိတ်မနှံ့သူတို့၏ခေါင်းဆောင်ကိုခေါ်ကာ
ဟေ့လူခင်ဗျားလူတွေ ဘာလုပ်နေကြတာလဲ လေယာဉ်ကိုထိန်းလို့မရတော့ဘူး ပျက်ကျလိမ့်မယ်
ဟုပြောလိုက်သည်။ထိုအခါခေါင်းဆောင်မှ
စိတ်မရှိပါနဲ့ဗျာ သူတို့ ဘောလုံးကန်နေကြတာဗျ ကျွန်တော်ကြည့်ပြောလိုက်ပါမယ်
ဟုပြောလေသည်။ခဏအကြာတွင် လေယာဉ်မှာ ပုံမှန်အတိုင်း ပြန်လည် ငြိမ်သက်သွားပါတော့သည်။ထိုအခါ
လေယာဉ်မှူးမှခေါင်းဆောင်အား
ကျေးဇူးပဲဗျာ ခင်ဗျားလူတွေကို ဘယ်လိုပြောလိုက်တာလဲ အခုတော့အဆင်ပြေသွားပြီဗျာ
ထိုအခါခေါင်းဆောင်ကပြန်ဖြေလိုက်ပုံမှာ
အင်းဗျာ လေယာဉ်ထဲမှာဆိုတော့ မကောင်းဘူးလို့ အပြင်မှာထွက်ကန်ကြပါလို့ အခုသူတို့အားလုံး
အပြင်မှာထွက်ကန်နေကြတယ်ဗျ
ဟုဖြေလိုက်လေတော့သည်။

10:03 PM
ဆရာမသည် ပီတာလေးကို ကျောင်းအုပ်ကြီး၏ အခန်းထဲသို. ခေါ်လာသည် ။
" ဆရာကြီး ... ပီတာလေးကို ပပထမတန်းမှာ မထားသင့်ပါဘူး ။ အရွယ်နဲ့ မလိုက်အောင်
သူအများကြီးသိနေတယ် ရှင့် ၊သူ.ကို တတိယတန်းမှာ တက်ဖို. ကျမ အဆိုပြုချင်ပါတယ် ရှင့် .. "
" ကောင်းပြီလေ ၊ ဒါပေမဲ့ အတန်းကျော်တက်မယ့်ကလေးဟာ
ဆရာမပြောသလို တော်ရဲ့လားဆိုတာကိုတော့
ကျနော်ကိုယ်တိုင် စမ်းမေးချင်တယ် ၊ "
" ကိုင်း ... မောင်ပီတာ ... နှစ် နဲ့ နှစ် မြောက်ရင် ဘယ်လောက်ရသလဲကွဲ. "
" လေး ပါ ဆရာကြီး "
" မှန်တယ် ၊ သုံး နဲ့ သုံး မြောက်ရင်ကော "
" ကိုး ပါ ဆရာကြီး "
" မှန်တယ် ၊ ငါး အမြောက် ငါး ဆိုရင်ကော .."
" ၂၅ ပါ ဆရာကြီး "
" မှန်တယ် ၊ ဆရာမ ပြောတဲ့အတိုင်းပဲ ... ကလေးဟာ အရွယ်နဲ့ မလိုက်အောင် အသိဥာဏ် ဖွံဖြိုးနေတာပဲ ၊
သုံးတန်းကို တင်ပေးဘို. ကျနော် မကန်.ကွက်ပါဘူး "
ဆရာကြီး၏ အခန်းထဲတွင် စောစောက ရောက်နေသော နောက်ဆရာမ တစ်ဦးက ၀င်ပြောသည် ။
" ဆရာကြီး ... ကျမ ကိုလည်း မေးခွန်းမေးခွင့်ပြုပါ ။ မောင်ပိတာ ဆရာမ ကို ပြောပြစမ်းကွယ် ။
နွားမ မှာ လေးခု ၊ မိန်းမ မှာဆို နှစ်ခုထဲ ၊ အဲဒါ ဘာကိုပြောတာလဲ ကွဲ. "
ချာတိတ်အနည်းငယ် စဉ်းစားပြီးဖြေသည် ။
" ခြေထောက်တွေကို ပြောတာပါ "
" မှန်တယ် ၊ မောင်ပီတာ ၊ မင်း၇ဲ့ ဘောင်းဘီထဲမှာ နှစ်လုံး ၊ ဆရာမ ဆီမှာတော့ တစ်လုံးမှ မရှိဘူး ။
အဲဒါဘာကိုပြောတာလဲ "
ချာတိတ် စဉ်းစားသည် . ထိုနောက် ဖြေသည် ။
" ဘောင်းဘီ အိတ်ထောင်ကို ပြောတာပါ "
" ကလေး ဟာ အရွယ်နဲ့ မလိုက်အောင်တော်မှန်း ကျမ သိပါပြီ ။ သူ.ကို သုံးတန်းကို တခါတည်း
တင်လိုက်ဘို.ကို သဘောတူပါတယ် ။ "
ဆရာကြီးက ကမန်းကတန်း ၀င်ပြောသည် ။
" နေဦး ...နေဦး .. သူ.ကို ငါးတန်း တင်ပေးလိုက်ရအောင် ၊ ဆရာမ မေးတဲ့ မေးခွန်းနှစ်ခုကို
ကျနော် တောင်မှ မှန်အောင်မဖြေနိုင်ဘူးဗျ ... အဟင်း ..ဟင်း

Subscribe to:
Comments (Atom)