6:01 AM
ဟားဟားဟားဟား......(အားရပါးရ ရီခြင်း)
ဟီးဟီး ( ရှက်ကို့ ရှက်ကန်း ရီခြင်း )
ဟဲဟဲ ( မခန့်သလို ရီခြင်း )
ဟိုးဟိုးဟိုးဟိုး (နောက်ပြောင် ရီနည်း)
ဟင်းဟင်း ( ၀တ္ထုတွေထဲက ကောင်မလေးတွေ ရီခြင်း ) အပြင်မှာ အဲလိုရီတဲ့ ကောင်မလေး မတွေ့ ပေါင်
ဟတ်ဟတ် ( သူကတော့ အရမ်းခေတ်စားနေတဲ့ ဘလော့ရီနည်း )
ဟိ (ကောင်မလေးများ လျှပ်တပြက် ရီနည်း)
ဘူးထွားဟားဟား (အာတာလွတ်မြို့ စားကြီး ရီနည်း)
သွပ်သွပ်သွပ် ( သမိန်ပေါသွပ် ရီနည်း )
ခွိခွိ ( အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိ ရီနည်း )
ဟင်းဟင်းဟင်းဟင်း......(ကြာကူလီရီနည်း)
ဟွန်းဟွန်း...(ရုပ်ပြကာတွန်းရီနည်း)
အာဟ..အာဟ(ရက်ပ်ပါတွေရီနည်း)
5:47 AM
ယဉ်ကျေးသူ...................အီးမပေါက်ခင် ခွင့်ပြုပါ နော်ဟုပြောပြီး ပေါက်ပြီးသောအခါ ဆေားရီး ဟုပြောတက်သူ
မရိုးသားသူ.................ကိုယ်ကအီးပေါက်သော်လည်း ၀န်မခံပဲ ဟိုလူဒီလူဟု လွှဲချတက်သူ
မိုက်မဲသူ........................အီးပေါက်ချင်သော်လည်းမပေါက်ပဲအောင့်အီးထားသူ
ဗဟုသုတကြွယ်ဝသူ.......ဘယ်အချိန်ဘယ်နေရာတွင် အီးပေါက်ရမည်ကိုသိသူ
ဒုက္ခရောက်နေသူ.........အီးပေါက်ချင်သော်လည်း မပေါက်ရဲတဲ့နေရောက်နေသူ(နေရာ-စာမေးပွဲခန်း)
လျှို့ဝှက်တက်သူ..........လက်သည်မပေါ်အောင်(သို့)ကိုယ်ပေါက်မှန်းဘယ်သူမှမသိအောင်အီးပေါက်တက်သူ
ဝါကြွားသူ...................အီးပေါက်နိုင်ခြင်းကို ဂုဏ်ယူနေတက်သူ
နှိပ်စပ်တက်သူ............လူများသောနေရာတွင်အီးပေါက်တက်သူ
ပညာရှင်.....................အီးပေါက်နေသော်လည်းလေထုညစ်ညမ်းမှာစိုးရိမ်သူ
ရှက်တက်သူ...............အီးပေါက်ပြီး မျက်နှာတစ်ခုလုံးနီလာသူ
အကြံပိုင်သူ...................ကိုယ်အီးပေါက်ပြီးသူများမသိအောင်အကျယ်ကြီးအော်ရယ်တက်သူ
အလွန်တုံးသူ............အီးပေါက်ပြီး ငါ့ကိုယ်ထဲကလေလျော့ပြီဟုထင်ကာ Balance ဖြစ်အောင်လေကိုတစ်ဝကြီး
ရှုသွင်းမှဟုဆိုကာ လေတစ်ဝကြီးရှုသွင်းလိုက်သူ
ကပ်စေးနဲသူ...............အီးကိုကုန်အောင်မပေါက်ပဲချန်ထားသူ
အတ္တကြီးသူ.................ငါ့အီးကမွှေးတယ်ဟုပြောသူ
အပေါင်းဖေါ်မက်သူ.....သူများအီးပေါက်ခြင်းကို နှစ်သက်သူ
သီးသန့်ဆန်သူ...........ဘယ်သူမှမရှိသောနေရာသို့သွားပြီး အီးပေါက်တက်သူ
ရေကိုချစ်သူ..............ရေချိုးကန်ထဲတွင်ရေချိုးရင်း အီးပေါက်သူ
အားကစားသမား.........ဗိုက်သားကိုတောင့်ပြီး အီးပေါက်သူ
ရိုးသားသူ...................အီးပေါက်ကြောင်းဝန်ခံသူ
အသိဥာဏ်ရှိသူ.........အီးပေါက်သံကြားတာနဲ့ဘယ်သူပေါက်တာလဲဆိုတာကိုတန်းပြောနိုင်သူ
ကံဆိုးသူ.................အီးပေါက်ရန်ကြိုးစာရင်း ချီးပါထွက်သွားသူ....
(သင် ရောဘယ်လိုလူစားထဲပါဝင်ပါသလဲ)

5:45 AM
"မြန်မာစာကိုမြန်မာလိုဖတ်တာ"
မြန်မာစာကိုမြန်မာလိုဖတ်တာအသံနေအသံထားမှန်ဖို့အင်မတန်အရေးကြီးပါတယ်ခင်ဗျာ...ကဲဒါလေးတွေကိုဖတ်ကြည့်မယ်..။
"မမဲပေါင်ထားတဲ့ ကိုဖေါင်ရဲ့လတ်စွပ်ကို ရွေးလျှင်ရွေး
မရွေးလျှင်ဆုံးရပါလိမ့်မယ်"လို့စာတိုလေးတစ်စောင်ရေးပေးလိမ့်သတဲ့..။အဲဒိစာကိုဘုန်းကြီးကျောင်းသားလေးကဖတ်
လိုက်ပုံကတော့"မမဲပေါင် ကိုဖေါင်လစွပ် ရွေ့လျှင်ရွေ့ မရွေ့လျှင် စုပ်လိမ့်မယ်" လို့ဖတ်လိုက်သတဲ့..။
အဲသလိုပဲ "မအူပင်တရုတ်တန်းက ပန်းကန်တစ်ရာငှားလိုက်ပါ"လို့ရေးထားတဲ့စာလေးကိုဖတ်လိုက်ပုံကတော့...
"မအုဖင် တရုတ်လှန် မခံတရား ငါလဲပါ" လို့ဖတ်လိုက်သတဲ့..။
အဲသလိုပဲရွာသူကြီးတစ်ယောက်က"ရွေး ပင်ကိုထင်တိုင်းမခုတ်ရ ဆင့်ဆိုလိုက်သည်"
လို့အရပ်ထဲမှာမောင်းထုကြေညာရန် မှာလိုက်သည်ကို မောင်းထုဆရာကမောင်းထုကြေညာလိုက်ပုံကား...
"ခွေးဖင်ကိုထင်တိုင်းမလုပ်ရ
ဆင်ဆိုးလိုက်တက်သည်"လို့လိုက်ကြေညာသတဲ့..။မြန်မာစကားကသေချာမပြောတက်ရင်
အယူအစတစ်မျိုးသက်ရောက်တက်ပါတယ်..။တစ်ခါကရွာတစ်ရွာရဲ့လမ်းမှာ
ကောင်မလေးတစ်ယောက်လှည်းကြုံလိုက်ချင်တယ်လို့လှည်းသမားကိုပြောလိုက်တယ်။လှည်းသမားကလဲ ရိုးရိုး
သားသားပြန်ပြောပါတယ်....
ကောင်မလေးကတော့ဘယ်လိုတွေးလဲတော့မသိဘူး..။လှည်းသမားပြန်ပြောလိုက်တာက
"ဖင်ခံနိုင်ရင်
လိုက်ခဲ့တဲ့"သူပြောတာကလှည်းဆောင့်ရင်ဖင်နာတယ်လေ....လှည်းဆောင့်တဲ့ဒဏ်ခံနိုင်ရင်လိုက်ခဲ့လို့ပြောတာပါ..။

5:39 AM
> တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေးတစ်ယောက်က
> တောရွာတစ်ရွာမှာ ဆရာမသွားလုပ်ခဲ့တယ်။ ကျောင်းသားတွေ နားလည်အောင် စာကို
> ရှင်းမပြတတ်တော့ အလုပ်ထုတ်ခံလိုက်ရတယ်။ ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကို
> အမေက ပွတ်သပ်ပေးရင်း "သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ ရှိမှာပါ" လို့
> သူ့ကို နှစ်သိမ့်ခဲ့တယ်။
> အဲဒီနောက် သူငယ်ချင်းတွေနဲ့ မြို့ပေါ်တက်ပြီး
> အလုပ်သွားလုပ်ခဲ့တယ်။ မကြာဘူး.. အင်္ကျီစညှပ်ရာမှာ နှေးကွေးလွန်းတယ်
> ဆိုပြီး အလုပ်ထုတ်ခံလိုက်ရပြန်တယ်။ "မကျွမ်းကျင်သေးတဲ့ အလုပ်မှာ စစချင်း
> နှေးကွေးတာ ဘာမှမဖြစ်ဘူး။ သမီးက ဘာမှ မလုပ်ဖူးဘဲ ကျောင်းပဲတက်ခဲ့လို့
> ဖြစ်လိမ့်မယ်" လို့ အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။
> အလုပ်ပေါင်းစုံ သူလုပ်ခဲ့တယ်။ အလုပ်တိုင်း တစ်ဝက်တစ်ပျက်နဲ့
> ထုတ်ခံလိုက်ရတာချည်းပဲ။ စိတ်ပျက်အားငယ်ပြီး အိမ်ပြန်လာတဲ့ သူ့ကို အမေက
> အပြစ်မတင်ဘဲ အမြဲနှစ်သိမ့် အားပေးခဲ့တယ်။
> သူအသက် ၃ဝမှာ တတ်ထားတဲ့ ပညာလေးနဲ့ ဆွံအ နားမကြားကျောင်းမှာ
> ဝင်လုပ်ခဲ့တယ်။ အဲဒီနောက် မသန်မစွမ်း ကလေးတွေအတွက် ကျောင်းတစ်ကျောင်း
> ဖွင့်နိုင်ခဲ့တယ်။ နောက်ထပ် မသန်မစွမ်းသူတွေ သုံးစွဲနိုင်တဲ့
> ပစ္စည်းတွေကို ဖြန့်ဝေခဲ့တယ်။ အခုဆိုရင် သူဟာ အောင်မြင်တဲ့ သူဌေးတစ်ဦး
> ဖြစ်ခဲ့ပါပြီ။
> တစ်နေ့မှာ အောင်မြင်တဲ့ သမီးတစ်ဦးက အိုမင်းနေတဲ့ အမေရှေ့မှာ ထိုင်ပြီး
> နှစ်ရှည်လကြာ သူသိချင်ခဲ့တဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို မေးခဲ့တယ်။ အဲတာက
> သူကျရှုံးနေတဲ့အချိန်၊ အနာဂတ်တွေ မဲမှောင်နေတဲ့အချိန်၊ ရှေ့ဆက်ဖို့
> လမ်းတွေ ပျောက်နေတဲ့အချိန်မှာ အမေက ဘာအကြောင်းကြောင့် သူ့အပေါ်
> ယုံကြည်မှုတွေ ရှိနေသေးသလဲ? ဆိုတာဖြစ်တယ်။
> အမေရဲ့ အဖြေက ရိုးရိုးလေးပါ။ အမေက ပြောတယ်.. " မြေတစ်ကွက်မှာ
> ဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ ပဲပြောင်းစိုက်ကြည့်ပါ။ ပဲစိုက်လို့လဲ
> မဖြစ်ထွန်းရင် နေကြာ စိုက်ကြည့်ပါ။ နေကြာစိုက်လို့လဲ အဆံတွေ မပြည့်ခဲ့ရင်
> တစ်ခြားအပင် ပြောင်းစိုက်ကြည့်ပါ။ ပန်းပွင့်မှာတော့ သေချာတယ်။
> မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။ နောက်ဆုံးမှာ
> အောင်အောင်မြင်မြင်နဲ့ ရိတ်သိမ်းနိုင်ပါလိမ့်မယ်"
> အမေ့ရဲ့ စကားကိုကြားတော့ သူငိုမိတယ်။ မိခင်ရဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့
> အားပေးမှုတွေက မျိုးမသန်တဲ့ ပျိုးတစ်ပင်ကိုတောင် အညှောင့်ပေါက်စေကြောင်း
> သူနားလည်လိုက်တယ်။
>
> မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးတစ်ပင်တော့ ရှိပါတယ်။
> ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ ရှားစောင်းပင်တွေတောင် လှပတဲ့အပွင့်နဲ့
> ရှင်သန်ပေါက်ရောက် နိုင်သေးတယ်။ ဘယ်နေရာ၊ ဘယ်ဒေသပဲ ရောက်ရောက်
> ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ သင့်တော်တဲ့ နေရာမှာ
> ကိုယ်တတ်စွမ်းသလောက် လှပတဲ့ အပွင့်တွေကို ဖူးပွင့်ကြရအောင်..

5:35 AM
“ကားမောင်းသက်
ဘယ်လောက်ရှိပြီလဲ”
“အနှစ် (၃၀) ပါ...”
“ယာဉ်တိုက်မှု ဖြစ်ဖူးသလား”
“တစ်ခါမှမဖြစ်ဖူးပါဘူး”
“ခွေးလေးးးးကြက်လေးတောင်မတိုက်ဖူးဘူးလား”
“မတိုက်ဖူးပါဘူး”
“၀င်းတံခါး၊ခြံတံခါး၊သစ်ပင် ဆိုတာမျိုးရော...”
“ဟင့်အင်း မတိုက်ဖူးပါဘူးဗျာ...”
“ဟုတ်ရဲ့လားဗျာ...”
“အဟုတ်ပါ..”
“ခင်ဗျား က ဘာကားမောင်းတာလဲ..”
“လယ်ထွန်စက်..” ဟူသတည်း။

Subscribe to:
Comments (Atom)