စိတ္တဇဆေးရုံ၌ အခြေအနေကောင်းလာပြီဖြစ်သော စိတ်ဝေဒနာရှင်သုံးဦးအား ဆေးရုံမှဆင်းခွင့်ပေးနိုင်ရန်အတွက်
ဆရာဝန်ကြီးသည် ၄င်းတို့သုံးယောက်အား မေးခွန်းတစ်ခုစီမေးလေသည်။

ဆရာဝန်။ ။ နှစ်နဲ့နှစ် ပေါင်းရင်ဘယ်လောက်ရလဲကွ။

ပထမလူနာ။ ။ ၂၅၆ ရပါတယ် ဆရာကြီး

ဒုတိယလူနာ။ ။ ကြာသပတေးနေ့ ပါဆရာကြီး

ဆရာဝန်ကြီးမှာ လွန်စွာစိတ်ပျက်သွားပြီး တတိယလူနာအား

ဆရာဝန် ။ ။ကဲ မင်းကကော ဘယ်လောက်ရမယ်ထင်လဲ

တတိယလူနာ။ ။ လေး ပါ ဆရာကြီး

ဆရာဝန်ကြီး မှာ ချက်ချင်းဝမ်းသာသွားပြီး

ဆရာဝန်။ ။ကဲ ဘယ်လိုရလဲ ရှင်းပြပါဦး

တတိယလူနာ။ ။ အိုးဒါများ လွယ်လွယ်လေး ၂၅၆ ထဲကနေ ကြာသပတေးနေ့ကို နှုတ်လိုက်တာပေါ့ ဆရာကြီးရဲ့
ရက်မူးပြီးဓါတ်တိုင်ပေါ်သို့တက်ရန်ကြိုးစားနေသော လူတစ်ယောက်ကို ရဲက

´´ ဟေ့လူ မူးနေရင်လဲအိမ်ပြန်အိပ်ဗျာ။ဓါတ်တိုင်ပေါ်ကိုတော့တက်ဖို့မကြိုးစားနဲ့``

အမူးသမား။ ။ကျုပ်မမူးပါဘူးဗျ ကျုပ်အိမ်ပေါ်ကိုကျုပ်တက်ဖို့လုပ်နေတာဗျ။

ရဲ ။ ။ ဒါအိမ်မဟုတ်ဘူး ဓါတ်တိုင်ဗျ။ခင်ဗျားအတွက်အန္တရာယ်ရှိလို့ပြောနေတာ

အမူးသမား ။ ။ဒါကျုပ်အိမ်ဗျ။ ကျုပ်အပြင်မထွက်ခင်က အပေါ်ထပ်ကမီးကို အသေအချာဖွင့်ပြီးမှသွားတာဗျ။ ဟိုမှာမတွေ့ဘူးလား မီးလင်းနေတာ


လင်မယားနှစ်ယောက်အကြီးအကျယ်ရန်ဖြစ်နေကြသည်။ယောကျာင်္းဖြစ်သူက

ဒီမှာ.. ငါတို့ယောကျာင်္းတွေက လှေကားသုံးထစ်ဆင်းရင်လူပျိုပြန်ဖြစ်တယ်ကွ။ ဘာမှတ်နေလဲ။ ထိုအခါမိန်းမဖြစ်သူက

´´ အမယ်လေးတော် ရှင်ကတောင် လှေကားသုံးထစ်ကြီးများတောင်ဆင်းနေရဦးမယ်။ကျုပ်တို့က အိမ်ရှေ့တံခါးဖွင့်ပြီး

အလကားဟေ့ လို့ အော်လိုက်တာနဲ့ ရှင်အိမ်ပါပြိုသွားမယ်။ ဘာမှတ်နေလဲ.. ဟင်း
မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။

နားလည်ပေးပါ
မင်းတို့ဆိုင်က ကြက်ဥက အကွဲများတယ်။
ဟုတ်ကဲ့.. ကျွန်တော့စီကကြက်မတွေက ဆိုဖာပေါ်မှာဥရတာမဟုတ်လို့ပါ ခင်ဗျာ။
ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်
သူ့ဆေးခန်းသို့ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့်
ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ဖူးပါတယ်
အဲ့ဒါဆို ရောဂါဟောင်းပြန်ထလာတာပဲဖြစ်မယ်
ဘာရောဂါလဲဆရာ
ဟင်း ခင်ဗျာရောဂါကိုခင်ဗျာတောင်မသိတာ ကျုပ်ဘယ်သိပါ့မလဲ
လူနာ- တိန့်
Subscribe to RSS Feed Follow me on Twitter!