မိသားစု တစ်ခုမှာ ကလေးတစ်ယောက် ရလာခဲ့တယ်.. ကလေးမမွေးခင် ဗေဒင်ဆရာက ဒီကလေး မွေးပြီး စကားပြောတက်စ မှာ သူ ပထမဆုံး ပြောတဲ့ စကား (၃) ခွန်းမှာ ခေါ်တဲ့သူတွေ သေရမယ်တဲ့.. ဒီလိုနဲ့ ကလေးမွေးပြီး ပြီး စကားပြောတက်စမှာ ပထမဆုံးခေါ်လိုက်တာက ...

" အဖိုး " လို့စခေါ် ပါတယ်.. နောက်ရက်မှာ သူ့အဘိုးတကယ်ပဲ  နှလုံးရောဂါဖောက် ပြီးသေသွားပါတယ်..

နောက်မကြာဘူး " အဖွား " လို့ထက်ခေါ်ပါတယ်.. နောက်ရက်မှာပဲ သူ့အဖွား အမှန်တကယ်ပဲ သေဆုံး သွားပါတယ်..

ဒီလိုနဲ့ သူ့အဖေနဲ့ အမေဟာ လန့်နေခဲ့ပါတယ် .. သူတို့ ကို ခေါ်တာနဲ့ သေမှာဆိုတော့လေ.. ကလေးကလည်း ဘာမှ မခေါ်တော့ပါဘူး.. တစ်နေ့ကျတော့ ကလေး ကထက်ခေါ်ပါတယ် .

" အဖေ "

သူ့အဖေလည်း တော်တော် လန့်သွားတာပေါ့.. နောက်တစ်ရက် ရောက်ရင် သေတော့မှာလေ တစ်ည လုံးအိပ် မပျော်ဘူး .. နောက်တစ်ရက် အရောက်မှာ သူ့အဖေ ကမသေပါဘူး.. သူ တော်တော် ပျော် သွားတာပေါ့.. ဒါပေမဲ့ သူတို့ အိမ်ဘေးက သူ့သူငယ်ချင်းက တော့ ရုတ်တရက် သေဆုံး သွားခဲ့ပါတယ်...
Subscribe to RSS Feed Follow me on Twitter!