ပျားရည်စစ်ရင် ခွေး မစားပါဘူး..
 ပျားရည်ဆိုင်မှာ လူတစ်ယောက် ပျားရည်ဝယ်ပါတယ်.. သူ့မှာလည်း ခွေးတစ်ကောင် ခေါ်လာပါတယ်..
ဆိုင်ရှင်ကို " ခင်ဗျား ဆိုင်က ပျားရည်က စစ်ပါတယ်နော်..
ဆိုင်ရှင် ကလည်း " စစ်ပါတယ် ခင်ဗျား ကျနော်တို့ ဆိုင်က လုံးဝ ပျားရည် အစစ်ပဲ ရောင်းတာပါ ကြိုက်တာနဲ့ စမ်းလို့ရပါတယ် "
ဝယ်တဲ့သူကလည်း " ဟုတ်ကဲ့ ပျားရည်စစ်ရင် ခွေး မစားဘူးဆိုတော့ ကျနော် စစ်မစစ် စမ်းသက်ချင် လို့ပါ"
ဆိုင်ရှင်ကလည်း  " ရပါတယ် ခင်ဗျား စမ်းသက်ပါ"

ဝယ်သူက ပျားရည် အနည်းငယ်ကို သူ့ ခွေးကို ချကျွေးလိုက်ပါတယ်.. ခွေး ကလည်း ချကျွေး လိုက်တာနဲ့ စား ပစ်လိုက်တာပါပဲ .. ၀ယ်သူလည်း တော်တော် စိတ်တို သွားပြီး..
" ခင်ဗျား ပြောတော့ ပျားရည်စစ် တယ်ဆို "

ဆိုင်ရှင် ပြန်ပြောလိုက်တာကား..
  " ဟုတ်ကဲ့ ကျနော့ ပျားရည်က စစ်ပါတယ်.. ခင်ဗျား ခွေး ကသာ ခွေး မစစ်တာ နေမှာ ပါဗျာ.."
Subscribe to RSS Feed Follow me on Twitter!