အဖြေမှန်

ဂဏန်းသချာင်္သင်နေချိန်တွင် ဖြစ်သည်။ ဆရာမက ပီတာလေးကို မေးသည်။
" ၁၀၀ကနေ ၁ နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ "
" သုညနှစ်လုံး ကျန်ပါမယ် "



သူခိုးလေး

ဇနီးသည် မီးဖွားမည့်ရက် နီးကပ်လာသဖြင့် ကိုဘမောင် ဗေဒင် ဆရာမဆီ သွားသည်။
ဗေဒင် ဆရာမက ပြောသည်။
" လက်သီးဆုပ်ပြီး မွေးလာတယ်ဆိုရင် ကြီးလာတဲ့အခါ သူခိုး၊ဓါးပြ ဖြစ်မယ်။
လက်ဖြန့်ပြီးမွေးလာတယ်ဆိုရင် ကြီးလာရင် လူကောင်းဖြစ်မယ် "
မွေးမည့်ရက် ရောက်လာသည်။ အခန်းရှေ့တွင် ကိုဘမောင် ဂနာမငြိမ် ဖြစ်နေသည်။
မွေးပြီးဆိုသည်နှင့် သားဖွားခန်းထဲပြေးဝင်ပြီး သားငယ်ကို ငုံ့ကြည်သည်။
ကလေးမှားလက်သီးဆုပ်ပြီး မွေးလာသည်ကိုတွေ့ရသည်။ သို့နှင့် ကလေးနားကပ်ပြီး
အော်သည်။
" သား၊ သား၊ လက်ကို ဖြန့်လိုက်၊ ဖြန့်လိုက် "
ချာတိတ်က ပြန်ပြောသည်။
" အဖေ . . . အော်မနေနဲ့၊ ကျွန်တော့လက်ထဲမှာ ဆရာဝန်ရဲ့ လက်စွပ် "



ခြွင်းချက်တွေ ရှိပါတယ်

လူငယ်နှစ်ယောက် စကားပြောနေကြသည်။
" တစ်ပြိုင်တည်း လှလည်း လှ၊ ဥာဏ်လည်းကောင်းတဲ့အမျိုးသမီးဆိုတာ
မရှိတဲ့အတွက် ၀မ်းနည်းစရာပဲနော် "
" ဘာလို့မရှိရမှာလဲ၊ ရှိပါတယ် "
" ပုံမှန်အားဖြင့် မိန်းကလေးတစ်ယောက်ဟာ လှတယ်ဆိုရင် ထုံတတ်တယ်။ အဲ
ဥာဏ်ကောင်းတယ်ဆိုရင် ရုပ်ဆိုးမ ဖြစ်နေတတ်တယ် လေဗျာ"
" ခြွင်းချက်တွေ ရှိပါတယ် "
" ဟုတ်ပါတယ်၊ ထုံလည်း ထုံ ရုပ်လည်းဆိုးတဲ့ အမျိုးသမီး "
Subscribe to RSS Feed Follow me on Twitter!