လူသစ်မည်သော ငတိ (၈)တန်း ကျောင်းသားနှစ်ယောက်ကို သချာင်္(၂) သင်နေသည်။ ရှင်းလင်းသင်ပြနေသော သီအိုရမ်မှာ ပိုက်သာဂိုးရပ်၏သီအိုရမ် တောင့်မှန်တြိဂံတစ်ခုတွင် တောင့်မှန်ခံအနား နှစ်ထပ်သည် ကျန်အနားနှစ်ထပ်၏ပေါင်းခြင်းနှင့် တူညီသည်ဟု အားကြိုးမာန်တက်ရှင်းပြနေချိန်-

ကျောင်းသား>> ဆရာသစ် ကျောင်းမှာသင်တဲ့ ပိုက်သာဂိုးရပ်သီအိုရမ်နဲ့ ဆရာသင်တာနဲ့မတူဘူး ဆရာ

ဟာ စိတ်ထဲတွေခနည်းဖြစ်သွားသည် ဒီသီအိုရမ်ကို သုံးစွဲလာသည်မှာလည်း အတော်ကိုကြာခဲ့ပြီ၊ နောက်သီအိုရမ်ဆိုတာမျိုးက ဘယ်သူသင်သင် ဒါမျိုးပဲဖြစ်ရမှာဆိုတော့ ကျနော်မှာ နဖူးချွေးပြန်သွားရသည်။ ဒါနဲ့ ကျောင်းသားအား မေးရလေ၏

သစ်>> အင်း ဘယ်လို မတူတာလည်း ပြောပါဦး

ကျောင်းသား>> ဟာ တော်တော်ကွာတယ် ဆရာ ကျောင်းမှာက လက္မနဲ့ဆွဲခိုင်းတယ် ဆရာက စင်တီမီတာနဲ့ ဆွဲခိုင်းတယ် လုံးဝမတူဘူး။

သစ်>> တိန်!

လူသစ်တစ်ယောက် ရယ်ရမလို ငိုရမလိုဖြစ်သွားရသည်။ တကယ်လေးစားထိုက်တဲ့ ရှစ်တန်းကျောင်းသားရဲ့ IQဗျာ။
ကျနော် ဒီကောင့်ကို စာဆက်သင်ချင်စိတ် မနည်းပြန်မွေးလိုက်ရတယ်။
Subscribe to RSS Feed Follow me on Twitter!